57[U&Z]

3.6K 500 11
                                    

[Unicode]

နင်မုန့်အပေါ် ကြည့်နေတဲ့ ဟော်ပေ့ချန်ရဲ့ အကြည့်တို့က တဖြေးဖြေး သက်သောင့်သက်သာ ရှိလာလေ၏။

"ပျင်းဖို့ကောင်းတယ်"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်မ ရှင်နဲ့ ရှိနေသ၍ အရာအားလုံးက ဒီလောက် စိတ်ဝင်စားဖို့ ကောင်းပြီးသားကို"

"...."

ဟော်ပေ့ချန်ကတော့ ဘာမှ မပြောတော့ဘဲ အပေါ်ထပ်ကိုသာ တက်သွားလိုက်၏။

"ယောက်ျားရဲ့ နောက်ကျော ပုံစံက ဆွဲဆောင်မှု ရှိလိုက်တာ။ ကျွန်မ ပြောချင်တာက ရှင့်ရဲ့ ကျစ်လျစ်ပြီး ရှည်သွယ်တဲ့ ပေါင်လေးကိုပဲ ကြည့်ပါဦး! လူတိုင်း သဘောကျလွန်းလို့ သေမတတ်ဖြစ်ကုန်မှာ!" နင်မုန့် ညည်းလိုက်သည်။

ဒီတကြိမ်တွင်တော့ သူမ သူ့နောက်သို့ လိုက်မသွားဘဲ အောက်ထပ်မှာပဲ စောင့်နေလိုက်သည်။

"....."

ဟော်ပေ့ချန်ကတော့ အခန်းအပြင်မှ သူမရဲ့ အသံကို အတိုင်းသားကြားနေရ၏။

"ရှင့်အတွက် ခေါက်ဆွဲတစ်ပွဲ ချက်ပေးမယ်နော် ခနလေးပဲစောင့် သေချာက်ပေါက် ကြိုက်မှာ!"

ပြီးနောက်မှာတော့ နင်မုန့် ခေါက်ဆွဲတစ်ပွဲပြင်လိုက်သည်။ ခေါက်ဆွဲပန်းကန်ကို ကိုင်ပြီး မီးဖိုချောင်ထဲမှ ပြန်ထွက်လာ‌တဲ့အခါ ရေချိုးပြီး ထွက်လာသည့် ဟော်ပေ့ချန်ကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်မှ ရေချိုးဆပ်ပြာ အနံ့က ကုလားထိုင်ပေါ်သို့ ထိုင်လိုက်တဲ့အခါ မီးဖိုတစ်ခန်းလုံးသို့ လွှမ်းမိုးလို့ သွားလေ၏။

"ယောက်ျား ရှင်အနံ့ရလား"

ဟော်ပေ့ချန်က ခေါက်ဆွဲကို မြည်းကြည့်တော့ဖို့ ကြံလိုက်ပေမယ့် နင်မုန့် မေးခွန်းကြောင့် ထိတ်လန့်သွားရလေ၏။ သူ့ချွေးနံ့ ကြောင့်များလား? သူက နေ့လည်တနေ့ခင်းလုံး ချီရှန်နဲ့အတူ အားကစားလုပ်ခဲ့တာ ဖြစ်လေသည်။

"မရပါဘူး" ဟော်ပေ့ချန် ပြန်ဖြေလိုက်သည်။

"ရှင်လည်းရောက်လာရော ဒီက လေထုအနံ့လေးက ချိုမြိန်လာရောလေ!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now