20[U&Z]

4.9K 638 14
                                    

[Unicode]

ချီရှန်ကတော့ သတိကြီးစွာ ဘော့စ်၏စကားကို စောင့်ဆိုင်းလို့ နေလေ၏။

ခနလောက် တွေးပြီးနောက် ဟော်ပေ့ချန် ပြောလိုက်သည် "၂၀၄"

'ကောင်းတယ်! အခန်း ၂၀၄ဆိုတာ ဘော့စ်အခန်းနဲ့ အဝေးဆုံး အခန်းပဲ။ ကြည့်ရတာ ဘော့စ်က သူမနဲ့ကြား နေရာတခုခြားထား ချင်နေသေးပုံပဲ' နင်မုန့်အား စိုက်ကြည့်နေရင်းမှ ချီရှန် တွေးလိုက်သည်။

ကြည့်ရတာ သူမအတွက် မကောင်းတဲ့ အကြံအစည် တခုခုရှိနေပုံပဲ။

နှောင့်နှေးမှု မရှိစွာပင် အပိုတွေးမနေတော့သော နင်မုန့်ကတော့ သူမluggageကို သယ်ကာ အခန်းထဲသို့ ဝင်လိုက်သည်။ သူမ ဝင်‌သွားသော အခန်းက ကျယ်သည်ဟု ပြောလို့ရ၏။ အနည်းဆုံး သုံးဆယ်စတုရန်းမီတာလောက် ရှိသလို သီးသန့် ရေချိုးခန်းလည်း ရှိလေ၏။ ဒါ့အပြင် အခန်းသည် လွန်စွာမှသပ်ရပ်လွန်းသည်။ တစုံတယောက်က အမြဲတမ်း မကြာခန သန့်ရှင်းပေးသည့် ပုံပင်။

နင်မုန့်တစ်ယောက် သူမ luggageအားဖွင့်ကာ အဝတ်အစားတို့ကို ချိတ်ပြီးနောက် ကုတင်ပေါ်စို့ လှဲချလိုက်သည်။ အရာအားလုံးက စီစဉ်ထားသည့်အတိုင်း မဖြစ်ခဲ့ပေမယ့်လည်း ဟော်ပေ့ချန်နှင့် တမိုးအောက်တည်း နေနိုင်သွားသည်မို့ သူမ ပျော်လေသည်။ အိပ်ယာပေါ်တွင် အချိန်ကောင်းလေးနှင့် ကုန်ဆုံးနေစဉ် တယောက်ယောက်က တံခါးခေါက်လာလေသည်။

နင်မုန့် တံခါးဖွင့်လိုက်သည့်အခါ အပြင်ဘက်တွင် ချီရှန်သည် သံသယဝင်‌စေလောက်သော အပြုံးနှင့် ရပ်နေလေ၏။

"ငါနဲ့ အောက်အတူဆင်းခဲ့။ ပြောစရာရှိတယ်"

"???"

သူတို့ ပထမဆုံး စတွေ့တည်းက ချီရှန်သည် သူမကို မျက်မုန်းကျိုးနေခဲ့တာ ဖြစ်လေသည်။ ရုတ်တရက်ကြီး သူမအပေါ် ‌ဆက်ဆံသည့်ပုံ ပြောင်းလဲသွားတယ်ဆိုတာ ဖြစ်နိုင်စရာ အကြောင်းမရှိ။ နှုတ်ခမ်းတချက် ကိုက်လိုက်ပြီးနောက် နင်မုန့်သည်လည်း အောက်ဆင်းသွားသည့် ချီရှန်နောက်သို့ လိုက်သွားလေသည်။

သူမတို့ အောက်ရောက်သည့်အခါ ဟော်ပေ့ချန်ကတော့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဖြေရှင်းဖို့ စာကြည့်ခန်းကို သွားနှင့်ပြီ ဖြစ်လေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now