107[U&Z]

2.4K 325 7
                                    

[Unicode]

လျှောက်လမ်းက လူ ၃,၄ယောက်လောက်သာ ယှဉ်သွားလို့ ရတဲ့ အကျယ်အဝန်းသာ ရှိပြီး အရမ်းမကျယ်ပေ။ စုထျန်းထျန်းရဲ့ မန်နေဂျာနဲ့ ကိုယ်ပိုင် လက်ထောက်က သူမဘေးမှာ ယှဉ်လျှောက်လာတာ ဖြစ်ပြီး လျှောက်လမ်းတစ်ခုလုံးကို ပိတ်ထားသလို ဖြစ်နေလေ၏။

‌အခြေအနေ ပေးလာတဲ့အခါ နင်မုန့် အနေနဲ့ သူတို့ကို လစ်လျူရှူလိုက်ချင်ရင်တောင် ထိုသို့ လုပ်လို့ မရ‌နိုင်တော့။

သူမရှေ့မှာ မြင်လိုက်ရတဲ့ မိန်းကလေးကို တွေ့တဲ့အခါ စုထျန်းထျန်း မျက်မှောင်ကြုပ်လိုက်သည်။ နင်မုန့် ဘယ်သူလဲဆိုတာ သူမရဲ့ ကိုယ်ပိုင်လက်ထောက်က မသိပေ။ ဒါကြောင့်ပဲ နင်မုန့်လည်ပင်းမှာ ဆွဲထားတဲ့ ဝန်ထမ်းကဒ်ပြားကို တွေ့တဲ့အခါ သူ့အသံကို မြှင့်အော်လုက်၏။ "ဟေး မင်းဘာကြည့်တာလဲ။ လမ်းပိတ်ထား မနေနဲ့ ဖယ်စမ်း!"

ဒီနောက်ဆုံး ပွဲမှာ စုထျန်းထျန်းက အဓိက ဆွဲဆောင်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ဖြစ်သည် ဒါကြောင့် သဘာ၀ ကျစွာပဲ TV stationက သူမကို ပိုပြီး အထူးဂရုစိုက် ဆက်ဆံပြီး ပွဲမှာ အဓိက ပါဝင်လူအဖြစ် စီစဉ်ပေးထားကြသည်။

ဝန်‌ထမ်းတွေတင်တောင် မဟုတ် တခြား အဆိုတော်တွေနဲ့ သရုပ်ဆောင်တွေတောင်မှ သူမကို မြင်တဲ့အခါ ဘေးသို့ ဖယ်ပေးရသည်။

ဘယ်လိုပဲ ဖြစ်ဖြစ် အခုက ပွင့်လင်းတယ်လို့ ဆိုလို့ရတဲ့ နင်မုန့် ဖြစ်ပြီး နှိမ့်ချရမယ်ဆိုတာ ဘာမှန်းတောင် မသိတဲ့  နင်မုန့် ဖြစ်သည်။

သူမက အံ့ဩသွားတဲ့ မျက်နှာနဲ့ ပြောလိုက်သည်။ "အိုး ဆောရီးနော် ဒါနဲ့ ဖယ်ရမယ့်လူဆိုတာ ရှင်ပဲ မဟုတ်ဘူးလားလို့။ ရှင်ကဘာလဲ ဂဏန်းလား?"

သူမရဲ့ တုံ့ပြန်လိုက်တဲ့ စကားလုံးကြောင့် လက်ထောက်က မျက်မှောင်ကြုပ်လိုက်သည်။ "စကားကို ကြည့်ပြော။ မင်းက ဘယ်ငှာနကလဲ။ မင်းအလုပ်ကို ဆက်လုပ်ချင်သေးတယ် မလား"

နင်မုန့် ရယ်လိုက်သည်။ "အိုး အခုရှင်က တစ်ယောက်ယောက်ကိုများ ခြိမ်းခြောက်နေတာလားလို့။ ရှင့်ကိုယ်ရှင် TV stationရဲ့ HRလို့များ ထင်နေတာလား။ ရှင် အခု ဘယ်သူ့ကို ပြောနေတယ်လို့များ ထင်နေတာလဲ။ တော်တော် ရွံဖို့ကောင်းလိုက်တာ။ ရှင့်လို လူကို အသက်ရှူခွင့်တောင် မပေးသင့်တာ။ အခုတော့ ကိုယ့်ကိုကိုယ် ဂြိုလ်တစ်လုံးလို့ မှတ်ပြီး ရှိသမျှ အောက်ဆီဂျင်အကုန် အငမ်းမတတ်ကို ရှူနေတာပဲ!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now