152[U&Z]

1.7K 221 7
                                    

[Unicode]

ယွီရှု ဥယျာဉ်မှာ ဖြစ်သည်။

တိတ်ဆိတ်တဲ့ ညမှာ အိပ်ခန်းမီးကို ပိတ်ထားတာမို့ မှောင်မဲနေ၏။ လရောင်က လိုက်ကာတွေကြားမှ အိပ်ခန်းထဲသို့ ခပ်သဲ့သဲ့ တိုးဝင်နေသည်။

နင်မုန့်က အိပ်ယာပေါ်မှာ လှဲနေတာ ဖြစ်ပြီး ခံစားချက်တို့က ရောထွေးနေလေ၏။

သူမ ဟော်ပေ့ချန်ကို စိတ်မဆိုးပေမယ့် သူမကိုယ်သူမတော့ စိတ်ဆိုးမိတယ်။

သူမ ဘာတွေ တွေးနေမိခဲ့တာလဲ? ဘယ်လိုလုပ်ပြီး အဲ့လူက သူမကို ချစ်လာနိုင်မှာလဲ?

ဟော်ပေ့ချန်ကို နောက်ထပ် ဘယ်တော့မှ ဂရုမစိုက်တော့ဘူးလို့တောင် သူမကိုယ် သူမ ကတိပေးခဲ့သေးသည်။ ဒါတောင်မှ ထိုနေ့က စံအိမ်ကို ပြန်လာဖို့ သူတောင်းဆိုလာတုန်းက သူမဘက်က လက်ခံခဲ့လိုက်၏။

သူမကို ဘာလို့များ သူက ထင်နေတာလဲ!?

နင်မုန့်က မျက်နှာကို စောင့်ဖြင့်ကာလိုက်သည်။ သူမကိုယ်သူမ ဖြစ်နိုင်ရင် ပိတ်ရိုက်လိုက်ချင်တယ်!

အသက်ပြင်းပြင်း ရှူရင်းသာ သူမ နှလုံးသားထဲက စိတ်ပျက်မှုတွေကို ဖိနှိပ်ထားလိုက်သည်။

မသုံးမကျလိုက်တာ

အမှန်တော့ သူမတို့ လင်မယားဆိုတာကလည်း အပေါ်ယံဟန်ပြ သာသာပဲမို့ ဝမ်းနည်းနေစရာလည်း မလိုတာကို...။

နင်မုန့် တွေးနေရင်းမှာပဲ ဖုန်းက တုန်ခါလာ၏။

ချက်ချင်းပဲ ကောက်ကြည့်လိုက်တော့ ချီရှန်ဆီမှ messagesတချို့ကို မြင်လိုက်ရသည်။

ချီရှန် : [ငတုံးမ! ငါ နင့်ကို အခုပြောလိုက်မယ် နင့်မှာ နောက်ထပ်အခွင့်အရေးဆိုတာ မရှိတော့ဘူး]

[မိန်းကလေးတစ်ယောက်ကို ဘော့စ်အခုလို မြတ်နိုးတဲ့ပုံ တခါမှ ငါမတွေ့ခဲ့ဖူးဘူး။ သူ ဒီနေ့ ဒေါသတွေ ထွက်နေတာ ဒါပေမယ့် သူသဘောကျတဲ့ မိန်းကလေးအတွက် လက်ဆောင်ဝယ်ပေးဖို့ ငါပြောပြီးတည်းက သူ့ဒေါသ‌တွေပါ ပျောက်သွားတာပဲ!]

[စကားမစပ် အဲ့မိန်းကလေးအတွက် ဘော့စ်ဝယ်ခဲ့တဲ့ လက်ဆောင်က ဘာလဲဆိုတာ သိချင်လား? စိန်နားကပ် တစ်စုံပဲ! စိန်တစ်ဖက်စီက ၃ကာရက်စီ ရှိပြီတော့ Cartierကစိန်တွေ! ၂.၁၉သန်းလောက်ထိကို တန်တာ!]

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now