155[U&Z]

1.6K 196 3
                                    

[Unicode]

ဓာတ်ပုံကို မြင်တဲ့အခါ သူ့ တကိုယ်လုံး အေးစက်ကာ ဝေးကွားသွားပြီး အမဲဖြတ်လုနီးပါး ပုံစံဖြစ်နေလေသည်။

သူ့အသက်ရှူသံတွေကအစ လေးလံလာ၏။

ဒီမိန်းမက တကယ်ကြီး ပြောနေတာလား?

ဖေးပိုင် အကောင့်သုံးထားဆဲ ဖြစ်တဲ့ သူ့ဖုန်းကို ယူလိုက်ပြီး စာပို့လိုက်၏။

ဖေးပိုင် : [တကယ်လို့ သူ့ဆီသွားရဲရင် ကျွန်တော် သေချာပေါက် သူ့ကို သတ်မယ်]

နင်မုန့်က မကြာခင်မှာပဲ စာပြန်လာသည် : [တခြားလူတစ်ယောက်က ခြံကို စောင့်မကြည့်သ၍ လူတွေက မြင်းကို ခိုးလို့ရနေတာပဲ။ အဲ့တော့ ဘာဖြစ်လဲ?]

အဲ့ဒါ ဘာအဓိပ္ပာယ်လဲ?

ဟော်ပေ့ချန် မျက်မှောင် ကြုပ်လိုက်သည်။ ‌ထို့နောက်မှာတော့ လူသုံးယောက်ရှိတဲ့ WeChat groupထဲကို စုယွဲ့ပို့ထားတဲ့ messageကို တွေ့လိုက်ရသည်။ နင်ဝမ့်ထောင် တင်ထားတဲ့ statusကို screenshotရိုက်ပို့လာတာ ဖြစ်၏။

ခန့်ညားတဲ့ ယောက်ျားအချို့ ဓာတ်ပုံတွေဖြစ်သည်။

ရေးထားတဲ့ captionကတော့ [Heaven and Earth Club သီးသန့်အခန်း နံပါတ် 808။ နင်မုန့်လေး မြန်မြန်လာနော် ဒက်ဒီက စောင့်နေတယ်!]

ဟော်ပေ့ချန် ဒေါသထွက်လို့ သွား၏။

စုယွဲ့က သူ့ဆုံးဖြတ်ချက်ကို မေးတဲ့ message ပို့လာသည်။ [ဘော့စ် ကျွန်တော်တို့ သူမကို သွားတားလိုက်ရမလား]

ဟော်ပေ့ချန်က အေးစက်စွာ ခနဲ့ပြုံးပြုံးလိုက်သည်။

တကယ်လို့ သူမက ကစားရတာ ကြိုက်တယ်ဆိုမှတော့ သူမ စိတ်တိုင်းကျ ဖြစ်စေရမယ်။

သူမက အတိတ်ကအတိုင်း အနာဂတ်မှာလည်း အချိုးက အတူတူ ဖြစ်နေတာပဲ။

သူမကို ဘယ်သူက ဂရုစိုက်မှာမို့လဲ?

သူ တွေးပြီးတဲ့အခါ အေးစက်စွာသာ groupထဲကို message ပြန်ပို့လိုက်သည် : [လွှတ်ထားလိုက်]

ပြီးနောက်မှာတော့ ဖုန်းကို အောက်ချလိုက်သည်။

ဟော်ပေ့ချန် ကားထဲမှာ မှီလိုက်ပြီးနောက် မျက်လုံးမှိတ် အနားယူလိုက်သည်။ သူ့နှလုံးက ဒေါသကြောင့် ပေါက်ထွက်လုမတတ် ဖြစ်နေရင်း ကိုယ့်ကိုကိုယ် ကြိုးစား ထိန်းချုပ်လိုက်၏ ။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now