98[U&Z]

2.8K 355 7
                                    

[Unicode]

နင်ဝမ့်ထောင်ရဲ့ မျက်နှာကတော့ ပြန်လည်မွေးဖွားလာသလို သွေးရောင်သမ်းလာလေ၏။ လက်ဆောင်တွေကို ကြည့်နေရင်းပဲ သူ့နှုတ်ခမ်းရဲ့ အဆက်မပြတ် လှုပ်ရှားနေမှုကို ရပ်တံ့အောင် ကြိုးစားလို့နေသည်။

"လူလာရုံနဲ့တင် ရနေတာကို ဘာဖြစ်လို့များ ပစ္စည်းအများကြီး ဝယ်လာရတာတုန်း"

ချောင်ရွှယ်ဟွာ အနောက်ကနေပဲ အစောက သူပြောခဲ့တဲ့ စကားအတိုင်း သံယောင်လိုက်ပြောလိုက်သည်။ "ဟုတ်သားပဲ ဒါတွေအကုန် ဝယ်နိုင်လောက်တဲ့အထိတော့ ငါတို့မှာပိုက်ဆံရှိပါသေးတယ်!"

ဟော်ပေ့ချန် ဘာမှတောင် မပြောနိုင်ခင်မှာပဲ နင်ဝမ့်ထောင်က ချေပလိုက်သည်။ "မင်း ဘာနားလည်လို့လဲ။ ငါတို့ ဝယ်တဲ့ အရာတွေကို ပစ္စည်းလို့ ခေါ်ပြီး သားမက်လေးဝယ်ပေးတဲ့ ပစ္စည်းတွေကိုတော့ စိတ်ရင်းကိုပြတာလို့ ခေါ်တယ်!"

“…”

'ရှင် ခုနက ပြောတုန်းကတော့ အဲ့လိုမဟုတ်ပါဘူး!'

သူမ အရှက်ရသလို ခံစားလိုက်ရပေမယ့် ဟော်ပေ့ချန်ကို ဆန့်ကျင်ပြီး ဘာစကားမှ မပြောရဲပေ။ သူမ လုပ်နိုင်တာဆိုလို့ ခါးသီးတဲ့ ခံစားချက်တွေနဲ့အတူ တိတ်ဆိတ်စွာ ရပ်နေရုံသာ ဖြစ်လေ၏။

နင်မုန့် နောက်ဆုံးမှာတော့ စိတ်နဲ့လူ ကပ်သွားပြီမို့ ဟော်ပေ့ချန်ဆီသို့ ဖြေးညှင်းစွာ လမ်းလျှောက်သွားလိုက်လေ၏။ "ရှင်ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။ စီးပွားရေး ကိစ္စနဲ့ ခရီးထွက်နေရတယ် ထင်တာ"

ဟော်ပေ့ချန် မျက်ခုံးပင့်မိသွားသည်။ သူ သူမကိုတွေ့လိုက်ချိန်တိုင်း သခင်ဆီပြေးလာတတ်တဲ့ ခွေးတစ်ကောင်နှယ် သူမက အမြဲသူ့ဆီသို့ အပြေးအလွှား ရောက်လာတတ်ပြီး မပြီးဆုံးနိုင်တဲ့ သက်တံတို့ ထုတ်လွှတ်ပြတတ်သည်ချည်း ဖြစ်၏။ ဒီနေ့ကျမှ သူမပုံစံက ဘာလို့များ မျက်နှာချိုသွေးတဲ့ ပုံမပေါ်ရတာလဲ။

သူမကို ကြည့်နေရင်းမှ တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။

"ဒီနေ့က ဆောင်းဦးအလယ် ပွဲတော်နေ့မို့ နေ့လည်လေယာဉ်နဲ့ အချိန်ပြောင်းလိုက်တာ။ စားပြီးတာနဲ့ သွားတော့မှာ"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now