194[U&Z]

515 60 0
                                    

[Unicode]

အခန်းအပူချိန်က ချက်ချင်းဆိုသလို ကျဆင်းလို့သွားပြီး ဟော်ပေ့ချန်နဲ့ တွေ့ဖို့ အခန်းထဲ ၀င်လာတဲ့ စုယွဲ့ကလည်း ထိုခံစားချက်ကို အတိ ခံစားလိုက်ရလေ၏။ ဘေးအခန်းမှာ ရှိနေရင်တောင်မှ ဟော်ပေ့ချန်ဆီက ထုတ်လွှတ်နေတဲ့ ရက်စက်တဲ့ အရှိန်အဝါတွေရဲ့ ဖိနှိပ်မှုကို ခံစားလို့ရနေမည် အထိ ဖြစ်သည်။

မသက်မသာ ဖြစ်စွာနဲ့ပဲ တုန်လှုပ်စွာ အသံပြုလိုက်၏ "ဘော့စ် ချီရှန် သူ့ကွန်ပျူတာကို ဖွင့်ပြီးနေပါပြီ။ သူ့အရည်အချင်းနဲ့ ပတ်သက်ပြီး စိတ်မပူပါနဲ့ တစ်ပုံတောင် မထွက်စေရဘူးလို့ အာမခံလို့ရပါတယ်"

ဟော်ပေ့ချန်က ထိုသတင်းဌာနနောက်ကွယ်မှ တရားခံကို အလောင်း‌ကောင် ဖြစ်စေတော့မတတ် စူးရဲစွာ စိုက်ကြည့်နေတာ ဖြစ်ပြီးနောက်မှာတော့ ဒေါသတကြီး လေသံနှင့် တစ်ခွန်းပြောလာလေသည်။

"ဖေးပိုင်"

စုယွဲ့က အလျင်အမြန်ပဲ တံခါးကို ဖွင့်လိုက်ပြီး အမိန့်နာခံဖို့ အသင့်ဖြစ်နေပုံ ပေါ်တဲ့ ဖေးပိုင်ကို အထဲသို့ ဆွဲသွင်းလိုက်လေ၏။ အချိန်အတော်ကြာတဲ့အထိ မှေးမှိန်နေခဲ့တဲ့ သူ့အကြည့်တွေက စူးရှတောက်ပလာတော့သည်။ နောက်ဆုံးမှာတော့ သူ့ အလှည့်ရောက်လာပြီ! buzz-cutဆံပင် ညှပ်ထားပြီး မျက်နှာပေါ်မှ လူသတ်ချင်စိတ် အငွေ့အသက်တို့ ထုတ်လွှင့်နေတဲ့ သူ့ကိုယ်သူ အူမြူးနေမိလေ၏။

"ဟုတ်ကဲ့ပါ sir!"

ဟော်ပေ့ချန်က သူ့ဖုန်းကို စားပွဲပေါ်သို့ အသံကျယ်ကျယ် ထွက်လာသည်အထိ ပစ်ချလိုက်ပြီး Weiboမှ စာကို ဒေါသတကြီး သူ့အား ပြလာလေသည်။

"ဒီလူက ဘယ်သူလဲဆိုတာ ရှာ!"

ဖေးပိုင်က အမိန့်ကို နာခံလိုက်ပြီး " သူ့ကို သတ်လိုက်ရမလား?"

ဟော်ပေ့ချန်ရဲ့ မျက်လုံး စိတ်ခံစားမှုတွေက ပြောင်းလဲလို့သွားသည်။ သူ့အနေနဲ့ လက်စားချေချေချင်နေတာ သိသာလှပေမယ့် ဆင်ခြင်လိုက်ကာ "သူ့ Weiboကို ပြောင်း‌အောင် လုပ်လိုက်"

"???"

'postပိုင်ရှင်ရဲ့ Weiboပြောင်းဖို့အတွက်လောက်နဲ့ သူ့လို ထိပ်တန်း လူသတ်သမားကို လွှတ်တယ်ပေါ့?'

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now