EP-102[U&Z]

2.6K 316 2
                                    

[Unicode]

ထိုအချိန် ထျန်းရှင်း Entertainmentတွင် ဖြစ်သည်။

messageပို့ပြီးတဲ့နောက် စုထျန်းထျန်း ဖုန်းကို စိတ်ပျက်စွာသာ ဘေးချလိုက်သည်။ "စူပါfan လောက်ပဲဟာ ဘာတွေ အဲ့လောက် လုပ်ဖို့ လိုလို့လဲ"

သူမရဲ့ မန်နေဂျာဖြစ်သူက ကမန်းကတန်း ရှင်းပြသည်။ "ဒီ စူပါ fanက မတူဘူး။ မင်း အပျော်တမ်း အနုပညာရှင် လောက်ကတည်းက သူ followလာတာ။ သူက မင်းကို နှစ်အများကြီး supportပေးခဲ့တာ။ ဒီနေ့ fan groupအများကြီးက သူ့ကို သူတို့ရဲ့ ခေါင်းဆောင်အနေနဲ့ ရွေးထားကြတာ"

သူမကို ပြောဆိုထားခဲ့တဲ့ နင်မုန့်ကြောင့် စုထျန်းထျန်း ခေါင်းတစ်ခုလုံး လည်နေဆဲ ဖြစ်သည်။ နှဖူးကို ပွတ်လိုက်ရင်းပဲ စုထျန်းထျန်း ဒေါသတကြီး တုံ့ပြန်လိုက်သည်။ "အကယ်၍ သူပျောက်သွားရင်လည်း တခြားတစ်ယောက်ကို သူ့နေရာ အစားသွင်းလေ။ သူ့မှာ followersတွေက ၇သိန်းလောက်ပဲ ရှိတာ ကျွန်မတို့ ဒီထပ်ကြီးတဲ့ fanbase မရနိုင်မှာ မို့လို့လား"

မန်နေဂျာက သက်ပြင်းချလိုက်သည်။ "ချိုချဉ်က မင်းရဲ့ ပရိတ်သက်တွေကြား နာမည်ကြီးတာတင် မကဘူး fanbase တစ်ခုလုံးထဲမှာ သူက အဓိက အက္ခရာပဲ။ တကယ်လို့ သူသာ fanbaseထဲက ထွက်သွားကြည့် လူတိုင်းက ငါတို့ သူ့‌အပေါ် တစ်ခုခုမှားလိုက်ပြီလို့ ထင်လာကြလိမ့်မယ်"

စုထျန်းထျန်းက သိပ်အာရုံစိုက်တဲ့ပုံ ပေါ်မနေတာမို့ မန်နေဂျာက ဆက်ပြောလိုက်သည်။ "ပြီးတော့ သူက ချမ်းသာတယ်! မင်းရဲ့ eventsတွေတိုင်းမှာ ပရိတ်သက်တွေအတွက် နည်းနည်းလေးတောင် အကုန်အကျ ဘာလို့ မခံရလဲ သိလား။ ဘာလို့ဆို အရာအားလုံးအတွက် ကျစရိတ်ကို သူတစ်ယောက်တည်းကပဲ ဒိုင်ခံပေးနေတာမို့ပဲ!"

ထိုအခါမှ စုထျန်းထျန်းရဲ့ စိတ်ဝင်စားမှုက မြင့်တက်လာလေ၏။

မန်နေဂျာက ဆက်လက်ပြီး ရှင်းပြသည်။ "အခုဆို မင်းကလည်း 'Throne of Songs'မှာ ပါဝင်ရတော့မယ်...တကယ်လို့ သူသာ fan campaignမှာ ငွေသာ ကူညီပေးနိုင်ရင်...."

သူမ ဖုန်းကို မြှောက်ထားရင်း စုထျန်းထျန်း မေးလိုက်သည်။ "အဲ့တော့ အခုတစ်ယောက်က 'သူ'(ယောက်ျားလေး)ပေါ့?"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now