93[U&Z]

3K 379 4
                                    

[Unicode]

ဟော်ပေ့ချန်ရဲ့ သွေးတွေကို စုယွဲ့က ကူညီပြီး သန့်ရှင်းပေးလိုက်သည်။ ဒဏ်ရာက ဖြည်းဖြည်းချင်း သက်သာနေပြီဆိုပေမယ့် ပိုးသတ်ဆေး အနည်းငယ် ထည့်ပြီး ဒဏ်ရာကို စည်းနှောင်ပေးလိုက်သည်။

ပြီးသွားသည်နှင့် စုယွဲ့က မျက်မှန်ကို ပြန်ပင့်တင်လိုက်ရင်း တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။ ညင်သာစွာပဲ သူညည်းလိုက်၏။ "ဘော့စ် နဲ့ မဒမ် ညလယ်ကြီးကို ကျွန်တော့ကို ဖုန်းခေါ်တာ ခွေးစာကျွေးဖို့လား"

ပြီးနောက်မှာ‌ နင်မုန့်ကို သူကြည့်လိုက်ပြီး "ပြီးတော့ မဒမ် တကယ်လို့ သွေးလှူချင်တယ် ဆိုရင်တောင် သွေးကိုက်မကိုက် စစ်ဆေးဖို့ လိုသေးတယ်"

သူ့အနေနဲ့ နုံးနေတုန်း ဖြစ်သည်။ ‌အိပ်နေရာက ကမန်းကတန်း ထလာပြီး ချက်ချင်းကို ပြေးလာခဲ့ရတာ ဖြစ်ကြောင်း ထင်ရှားလို့နေလေသည်။

နင်မုန့် အားနာသလို ခံစားလိုက်ရတာမို့ "ငါ့သွေးအမျိုးအစားက O ဘယ်သူ့မဆို လှူပေးလို့ရပါတယ်။ ဒါနဲ့ ပျော်ရွှင်စရာ ဆောင်းဦးအလယ်ပွဲတော်နေ့ နော်"

"ကျေးဇူးပါ အတူတူပါပဲ"

စုယွဲ့ ထွက်သွားပြီးတဲ့အခါ နင်မုန့် ရှက်ရွံ့စွာပဲ အလိုအလျောက် ပြောမိသွားသည်။ "ဘယ်လိုဖြစ်လို့ ဒဏ်ရာသေးသေးလေးက သွေးအဲ့လောက် ထွက်ရတာလဲ..."

ဟော်ပေ့ချန်က ဟန်ဆောင်ပြုံးလိုက်ပြီး "လကို ကြည့်ချင်နေသေးလား"

"ဒါပေါ့!"

နောက်ထပ် ပြဿနာတို့ ထပ်မရှိတော့ပေ။

နင်မုန့်က ကိတ်ကို နှစ်ခြမ်းပိုင်းလိုက်ပြီး ပန်းကန်သေးသေးလေးတွေထဲ ကိုယ်စီ ထည့်လိုက်ပြီးနောက် စားပွဲခုံပုလေးပေါ် တင်လိုက်သည်။ သူတို့ နှစ်ယောက်လုံး မျက်နှာချင်းဆိုင် ထိုင်ရင်းပဲ လကို စကြည့်ကြသည်။ သူတို့ ဘာစကားမှ မပြောမိကြသလို ကိုယ်စီ အတွေးတွေနဲ့ နစ်ဝင်နေကြတာ ဖြစ်၏။

လှပတဲ့ သူမရဲ့ မျက်နှာလေးပေါ် ကျရောက်နေတဲ့ လရောင်ရှိရာဆီကို ဟော်ပေ့ချန် ကြည့်လိုက်သည်။ သူ့လက်ပေါ်မှ သူမရဲ့ နူးညံ့တဲ့ အထိအတွေ့တွေကို ခံစားလို့ ရနေသေး၏။ နင်မုန့်ကတော့ လကိုကြည့်ရင်း အတွေးထဲ မိန်းမောနေလေသည်။ တကယ့်ကမ္ဘာအစစ်က လေထု ညစ်ညမ်းမှုနဲ့ ပြည့်နေတာ ဖြစ်ပြီး လှပတဲ့ လကို နောက်ဆုံးအကြိမ် မြင်ခဲ့ရတာလည်း ကြာနေပြီဖြစ်သည်။ 

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now