147[U&Z]

1.7K 235 2
                                    

[Unicode]

နင်မုန့် ရောက်တဲ့အခါ ကျန်းရှန့်မေလည်း ရောက်နှင့်နေပြီ ဖြစ်၏။ သူမတို့ နှစ်ယောက်လုံး အတူတူလာတဲ့အခါ ဝန်ထမ်းတွေက စိတ်လှုပ်ရှားနေတာကို မြင်လိုက်ရသည်။

ကျန်းရှန့်မေက သူတို့ထဲက တစ်ယောက်ကို သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။ "ဘာဖြစ်ကြတာလဲ?"

ဝန်ထမ်းက ပြုံးကာ ပြောလိုက်သည်။ "စပွန်ဆာဒက်ဒီ ရောက်နေလို့! သူက လူတိုင်းကို La Mer skincare တစ်setစီ ပေးခဲ့သေးတာ! သူက စုထျန်းထျန်းရဲ့ ပရိတ်သက်ဖြစ်ပြီးတော့ ဒီတခေါက်မှာ အရွေးခံလိုက်ရတယ်လေ! အခုတော့ နားနေခန်းထဲမှာ ရောက်နေပြီ!"

နင်မုန့် နဲ့ ကျန်းရှန့်မေက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပြီးနောက် အခန်းဆီသို့ လျှောက်သွားလိုက်သည်။

အခန်းထဲမှာ ဖြစ်သည်။

အဆိုတော် ၇ယောက်လုံးက သူတို့နှင့် အတူတွဲဆိုဖို့ ရွေးချယ်ထားတဲ့ သာမန်လူတွေနဲ့ အတူရှိနေတာ ဖြစ်ပြီး တစ်ယောက်သာ ကျန်တော့တာ ဖြစ်သည်။

စုထျန်းထျန်းက ဆိုဖာပေါ်မှာ ထိုင်နေ၏။ ဒါရိုက်တာနဲ့ တခြားသူတွေက သူမ ဘေးက လူစိတ်ကျေနပ်အောင် အကောင်းဆုံး ဝန်ဆောင်မှုပေးနေကြ၏။ လျူရှင်းလေ့က ပေါ့ပေါ့ပါးပါးဖြစ်တဲ့ အနက်ရောင် suitကို ဝတ်ဆင်ထားသည်။ သူက အေးစက်စွာ ပြုံးလိုက်ပြီး "အရမ်းစိတ်ကြီးဝင်နေတဲ့ သူက ဘယ်သူလဲ? ငါတို့အကုန်လုံး သူမကို စောင့်နေကြရတယ်!"

ဒါရိုက်တာက ချွေးစေးတွေ ပြန်လာရင်းသာ ကို့ရို့ကားရားဖြစ်စွာသာ ပြုံးပြလိုက်ပေမယ့် သူကတော့ လစ်လျူရှုလိုက်သည်။

ကို့ရို့ကားရားနိုင်လှတဲ့ အခြေအနေဖြစ်သည်။ စုထျန်းထျန်းက ပြုံးလိုက်ပြီး တရင်းတနှီး ပြောလိုက်သည်။ "စိတ်လျော့ပါဦး CEOလျူ"

လျူရှင်းလေ့က ညည်းတွားလိုက်ပြီး "အဲ့ကိစ္စ မေ့ထားလိုက်မယ် အဲ့ဒါ မင်းကြောင့်မို့နော် ထျန်းထျန်း"

ဒါရိုက်တာက စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်ပြီး စုထျန်းထျန်းကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now