176[U&Z]

1.1K 139 2
                                    

[Unicode]

လျူယင်းမှာ သေးသွယ်ကျစ်လျစ်တဲ့ ခန္ဓာကိုယ် ရှိသည်။ ပန်းရောင် စကပ်ဝတ်ထားပြီး ဝိုင်းစက် တောက်ပတဲ့ သူမရဲ့ မျက်ဝန်းတွေက သူမကို အမှန်တကယ် ချစ်ဖို့ကောင်းအောင် ထောက်ပံ့လို့နေ၏။

လင်းချင်ပေ့က သူမကို လစ်လျူရှူတာ တွေ့လိုက်ရတဲ့အခါ သူ့ မန်နေဂျာက အံ့ဩတဲ့ မျက်နှာနဲ့ တုံ့ပြန်လာသည်။ "ဘာ သတင်းလဲ?"

လျူယင်း ပြန်မပြောနိုင်ခင်မှာ နင်မုန့်က အလျင်အမြန်ပဲ ကြားဝင်ပြောလိုက်သည်။ "တကယ်လို့ နင်သာ အခုလို ချစ်စရာကောင်းတဲ့ ပုံစံ ဆက်လုပ်နေမယ်ဆို ကမ္ဘာကြီးရဲ့ လူဦးရေ အကျပ်အတည်းကို ချက်ချင်း ဖြေရှင်းနိုင်လိမ့်မယ်"

"?"

"ဘာလို့ဆို နင့်ကို တွေ့မယ့်လူတိုင်း ရွံလွန်းလို့ သေကုန်မှာ မို့လေ"

"...!"

သူမရဲ့ ခေါင်းပေါ်မှာ အမှောင်ထုတို့ ဖုံးလွှမ်းသွားရင်း လျူရင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

သူမရဲ့ ပုခုံးကို ပုတ်ပေးပြီး နင်မုန့်က ဆက်လက် လှော်လိုက်သည်။ "ပြန်ပြီးတော့ နင့်သရုပ်ဆောင် အရည်အချင်းကိုသာ စုထျန်းထျန်းနဲ့အတူ အရောင်သွားတင်နေလိုက် ပြီးတော့မှ ဒီdramaကြီးကို ပြန်လာပြီး သရုပ်ဆောင်ချေ ဟုတ်ပြီလား ကလေးလေး!"

ထိုသို့ ကြားတဲ့အခါ လျူယင်းက ထိတ်လန့်လို့သွားပြီး "နင် ဘာပြောနေမှန်း ကျွန်မ....ကျွန်မ ဘာပြောနေမှန်း မသိဘူး"

'ဟမ့်?'

နင်မုန့်ရဲ့ မျက်လုံးတွေက လျူယင်ကို ထိုးဖောက်မတတ် ဖြစ်နေ၏။

အစောက သူမရဲ့ စကားတွေက ဒီအတိုင်း စစ်ဆေးကြည့်ရုံ ဖြစ်သည့်တိုင် မိန်းကလေးလျူယင်းကလည်း တစ်မိနစ်လေးအတွင်း သဲလွန်စ အချို့အပေါ် ချော်ရောက်လာခဲ့သည်။ ဒါဆို ဒီအရာအားလုံးက စုထျန်းထျန်း လုပ်ထားတာပေါ့။

လျူယင်းက Lemon Entertainmentက အနုပညာရှင် တစ်ယောက်ဆိုပေမယ့် အစောပိုင်းကမှ စုထျန်းထျန်းရဲ့ ဖက်ကို ခုန်ကူးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now