1[Zawgyi & Unicode]

13K 1.1K 24
                                    

Zawgyi

ငါသူ့ကို မကွာရှင်းဘူး

နင်မုန့် သတိပြန်ဝင်လာခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်လျင်ပဲ သိလိုက်ရသည်က သူမသည် ခေါင်မိုး၏ထိပ်ဖျားပိုင်းတွင် ထိုင်နေသည်ကို နားလည်လိုက်သည်။ သူမ ခြေချောင်းတွေသည် လေထဲတွင် တွဲလောင်းကျနေပြီး တိုက်ခတ်လာသောလေတွေသည် ဝတ်ထားသော အနီရောင် ဝတ်စုံအားဖြတ်တိုက်ခတ်သွား၏။ သူမပုံစံသည် အဆောက်အဦးပေါ်မှ ခုန်ချပစ်ဖို့ အသင့်ဖြစ်နေသလို ပုံစံ ဖြစ်နေလေသည်။ ရောက်နေသည့်အမြင့်မှ အောက်သို့ငုံ့ကြည့်လိုက်တော့ နှလုံးသားတစ်စုံသည် တုန်လှုပ်သွား၏။ သူမ ခန္ဓာကိုယ်သည် အေးခဲသလိုတောင့်တင်းနေပြီး ချွေးအေးတို့သည် ကျောပြင်မှ တစက်ချင်းစီးကျလာလေသည်။ သူမ ချက်ချင်းပင် ဘေးနားရှ်ိ တန်းလျားအား ကိုင်ထားလိုက်၏။ ကြုံတွေ့နေရသည့် ခံစားချက်သည် အရမ်းလက်တွေ့ဆန်နေခဲ့တာမို့ အိမ်မက်မက်နေတာ တကယ်ရော ဟုတ်ရဲ့လားဆိုတာ ထိုအချိန်မှာပဲ သူမ သိချင်လာသည်။

"မင်း အဲ့မှာဘာလုပ်ဖို့ကြိုးစားနေတာလဲ?!"

နက်ရှ်ိုင်းသော အသံအား သူမအနောက်ဘက်မှ ကြားလိုက်ရသည်။ သူမ အနောက်ကို ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တော့ အနည်းငယ်ဝေးသော အကွာအဝေးတွင် suitဝတ်ထားသော ယောက်ျားတစ်ယောက်အား တွေ့လိုက်ရသည်။ အေးစက်သော အကြည့်တို့ကို ပိုင်ဆိုင်ထားပြီး အရပ်မြင့်သော ထိုလူ၏ လွှမ်းမိုးမှုသည် အခြားသူများကိုပါ ဖိအားဖြစ်စေသည်အထိပင်။ လက်ရှိထိုလူ၏ စိတ်အခြေအနေကို သူမ ခန့်မှန်းမိတော့ မကူမကယ်နိုင်စွာပင် ကြက်သီးတို့ထလာလေသည်။ နင်မုန့်သည် ငိုချင်လာပြီဖြစ်၏။ သူမ ဘယ်ကမ္ဘာရောက်နေပြီး ဘာတွေလုပ်နေလဲဆိုတာ သူမလည်း သိချင်သည်။ အစောကပင် သူမကုတင်ပေါ်မှာ အိပ်နေခဲ့တာပါ။ ပြီးတော့ ဒီနေရာကို ဘယ်လိုရောက်လာမှန်းတောင် သူမ မသိဘူး။

"မုန့်မုန့် ရူးမိုက်တဲ့လုပ်ရပ်တွေ မလုပ်စမ်းပါနဲ့! ဟော်ပေ့ချန် ရောက်နေပြီလေ။ နင်လုပ်ချင်တဲ့ ဘယ်အရာကိုမဆို သူလည်းလက်ခံပေးဖို့ အသင့်ပဲ!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now