135[U&Z]

2.1K 259 7
                                    

[Unicode]

ချီရှန် : [ဘော့စ်တောင် မရှိတဲ့အချိန်ကြီးကို မင်းက ဘာလို့ ဒါတွေ ပြောနေရတာလဲ။ ငါက မင်းလို မျက်နှာချိုသွေးတတ်တဲ့ လူမဟုတ်ဘူးနော်။ ကုမ္ပဏီတွေ အများကြီးက လစာ အမြင့်ကြီးနဲ့ ငါ့ကို လာကမ်းလှမ်းကြတာ ဒါပေမယ့် ဘော့စ်က ငါ့ကို လက်မလွှတ်နိုင်ဘူးလေ။ ငါက မင်းနဲ့ မတူဘဲ အရမ်း အလုပ်ကြိုးစားတဲ့  ဉာဏ်ကြီးရှင် မို့လေ!]

ထိုအရာကို မြင်လိုက်တဲ့အခါ ဟော်ပေ့ချန် အလိုအလျောက် ရှော့ရသွားသည် : [ဘယ်သူက ဘယ်သူ့ကို လက်မလွှတ်ချင်တာလဲ?]

ချီရှန်က စာပြန်လိုက်သည် : [ဘရို ဖေးပိုင် ဘာလို့ အဲ့လိုကြီး ပြောရတာလဲ? အခုပုံစံက မင်းရဲ့ ပုံစံနဲ့တောင် မတူဘူးဘူး!]

"…"

ထိုစာပို့ပြီး မကြာခင်မှာပဲ သူ့စိတ်အတွင်းထဲမှာ မြည်တမ်းနေတဲ့ အသံတွေကို ချီရှန် ကြားလိုက်ရသည်။ ပြီးတဲ့နောက်မှာတော့ အလျင်အမြန်ပဲ ဖုန်းခေါ်လိုက်၏။

ဟော်ပေ့ချန်ကတော့ မတင်မတကျစွာနဲ့ ဖုန်းကိုင်လိုက်တဲ့အခါ တဖက်မှ စိတ်လှုပ်ရှားနေတဲ့ အသံကို ကြားလိုက်ရသည်။ "ဘော့စ် ကျွန်တော် မှားသွားပါတယ်! ‌ကျွန်တော်ကသာ ဘော့စ်ကို လက်မလွှတ်နိုင်တဲ့လူပါ!]

ဟော်ပေ့ချန်က တည်ငြိမ်စွာပဲ မေးလိုက်သည် : [တခြား ကုမ္ပဏီတွေက မင်းကို လစာအများပြီးနဲ့ ကမ်းလှမ်းလာတယ်?]

"အကယ်၍ သူတို့က ဘိုးဘေးတွေနဲ့ တိုင်တည်လည်း ကျွန်တော် မထွက်သွားဘူး! ၁ဘီလီယံနဲ့ လာကမ်းလှမ်းရင်တောင်မှ ထွက်မသွားဘူး! ကျွန်တော့ဘ၀ တစ်လျှောက်လုံး ဘော့စ်နောက်ကိုပဲ လိုက်နေမှာပါ! တကယ်လို့ ဘော့စ်က ၁ဆိုရင်တောင် ကျွန်တော် ဘယ်တော့မှ ၂လို့ပြောမှာ မဟုတ်ဘူး!"

ဟော်ပေ့ချန်က တိတ်ဆိတ်စွာပဲ ရယ်လိုက်ပြီး ကျီစယ်လိုက်သည် "အဲ့လောက်တောင် နာခံတာလား?"

"ဟုတ်ပါတယ်!"

"ဒါဆိုလည်း ငါ့အတွက် ဒါကိုလုပ်ပေး"

-

နောက်တနေ့ မနက်မှာ အိမ်တံခါးခေါက်သံကြောင့် နင်မုန့် နိုးလာလေ၏။ အိပ်တဝက်နိုးတဝက် အခြေအနေနဲ့ပဲ သူမ တံခါးကို သွားဖွင့်လိုက်သည်။ တံခါးရှေ့မှာ ရပ်နေတဲ့ ချီရှန်ကို တွေ့လိုက်ရတဲ့အခါ သူမ မျက်နှာက တောင့်တင်းသွားပြီး ရှုပ်ထွေးစွာပဲ သူ့ကို ကြည့်လိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now