140[U&Z]

1.9K 247 2
                                    

[Unicode]

ကျန်းရှန့်မေမှာ ဝိုင်းစက်စက် မျက်လုံးတွေ ရှိတဲ့အပြင် ဥရောပ-အမေရိကန် တွေလို မျက်ရစ်နှစ်ထပ်လည်း ရှိ၏။ သူမရဲ့ အသားအရည်က ဖြူပြီး ဆွဲဆောင်မှုရှိတဲ့ ခပ်ထဲထဲ နှုတ်ခမ်းတစ်စုံ ပိုင်ဆိုင်ထားတာမို့ စွဲမက်စရာကောင်းပြီး နှစ်လိုဖွယ်ပုံစံ ဖြစ်နေလေသည်။

ကျန်းရှန့်မေရဲ့ လှပတဲ့ သွင်ပြင်ကို တွေးတောနေမိရင်း တစ်စုံတခုကို သဘောပေါက်သွားသည်။

မူလnovelပေါ် အခြေခံ ပြောရရင် နင်မုန့် နဲ့ ကျန်းရှန့်မေက သဟဇာတ မဖြစ်ခဲ့ပေ အကြောင်းအရင်းမှာ နှစ်ယောက်စလုံးက ထူးခြားလောက်အောင်ကို လှပချောမောကြပြီး ငယ်ရွယ်တဲ့လူတွေကြားထဲ အချောဆုံး ဖြစ်ချင်ကြတာမို့ အမြဲတမ်း သူ့ထက်ငါလှအောင် ပြိုင်ဆိုင်ခဲ့ကြတာဖြစ်၏။

နင်မုန့်မှာ သဘာဝအလျောက် နှစ်လိုဖွယ်ကောင်းသည့် မက်မွန်ပန်းလို မျက်လုံးတစ်စုံ ရှိသည်။ ဒါကြောင့်ပဲ ကျန်းရှန့်မေရဲ့ အလှက ခမ်းခမ်းနားနား စွဲမက်ဖွယ် ရှိနေချိန်မှာ နင်မုန့်ရဲ့သွင်ပြင်က နူးညံ့တဲ့ဘက်သို့ သွားလေ၏။

ငိုရမလား ရယ်ရမလား နင်မုန့် မသိတော့။

'လီဟောက်ကျယ်က သူ့ရဲ့ ရည်းစားဟောင်း ကျန်းရှန့်မေကို ပစ်သွားတဲ့အချက်က သူမရဲ့ ရုပ်ဆိုးလွန်းတဲ့ မျက်နှာကို သီးမခံနိုင်လွန်းလို့ ဆိုတော့ ငါ့မျက်နှာပုံစံကိုလည်း အဲ့လို မြင်သွားတဲ့ အခါကျရင်ရော သူ့ တုံ့ပြန်မှုက ဘယ်လိုများ နေမလဲ?'

ရုတ်တရက်ဆိုသလို နင်မုန့် စူးစမ်း မိချင်သွားသည်။

အိတ်အတွက် အစားပြန်လုပ်ပေးတဲ့ အနေနဲ့ ကျန်းရှန့်မေရဲ့ အိမ်ကို နင်မုန့် လိုက်ပို့လိုက်သည်။

သူတို့နှစ်ယောက်လုံး ကျန်းရှန့်မေရဲ့ အိမ်လှေကား မရောက်ခင်အထိကို စကားတတွတ်တွတ် ပြောလာကြတာ ဖြစ်သည်။ ကျန်းရှန့်မေ အိမ်ထဲထိ ဝင်သွားတာကို နင်မုန့် စောင့်လိုက်ပြီးနောက် သူမလည်း ထွက်လာခဲ့လိုက်သည်။

ကျန်းမိသားစုရဲ့ ဗီလာမှာ သက်လတ်ပိုင်းအရွယ် လင်မယားနှစ်ယောက်က ထွက်သွားတဲ့ နင်မုန့်ကားကို ကြည့်ရင်း ပြင်သစ်ပြတင်းပေါက် အရှေ့မှာ ရပ်နေလေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now