64[U&Z]

3.7K 540 9
                                    

[Unicode]

ဟော်ပေ့ချန်ဆိုတာ စီးပွားရေးလောကထဲ ဩဇာအလွှမ်းမိုးနိုင်ဆုံး ဘုရင်ဖြစ်လေ၏။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက စီးပွားရေးလောကထဲ မှတ်ကျောက်တစ်ခုလိုပင်။ တဖက်မှ လီရိချန်ကတော့ စီးပွားရေးလောကထဲ စတင်ထွန်းပေါက်လာမည့် လူတစ်ယောက်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပညာရှင်ပီပီ ချမှတ်နိုင်သောသူ ဖြစ်လေ၏။

အခုတော့ သူတို့နှစ်ယောက်လုံး ဖုန်းတစ်ခုတည်းတွင် ဆုံကြပြီး ဖြစ်လေပြီး....စကားမပြောကြပေ။

ခနအကြာ ခေါက်ဆွဲလုပ်ပြီး၍ မီးဖိုချောင်ထဲက ထွက်လာတော့မယ့် နင်မုန့်ကို တွေ့လိုက်ရတဲ့အခါ ဟော်ပေ့ချန် ပါးစပ်ဟလိုက်သည်။

"ဘာလဲ"

"ဘာမှမဟုတ်ဘူး"

ဒီလိုနှင့် နှစ်ယောက်လုံး တစ်ချန်တည်း ဖုန်းချလိုက်ကြလေ၏။

ခရမ်းချဉ်သီး ကြက်ဥခေါက်ဆွဲကို နင်မုန့် ယူလာတဲ့အခါ သူမရဲ့ ဖုန်းကို ကိုင်ထားတဲ့ ဟော်ပေ့ချန်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးတွေက သူမကို စူးရှစွာ စိုက်ကြည့်လို့ နေလေ၏။

"ဘာဖြစ်လို့လဲ"

"ခုနက လူတစ်ယောက် မင်းကို ဖုန်းခေါ်လာတယ်"

"ဟေး ကျွန်မ ဘယ်သူ့ကိုမှ မမြှူဆွယ်ထားဘူးနော် ကျိန်ရဲတယ်!"

မြင်နေရသည့် စုယွဲ့ကတော့ မကူမကယ်နိုင်စွာပဲ ရေရွတ်မိသွားသည် "....မဒမ်က အသက်ရှင်နိုင်ဖို့ အရမ်းစိတ်အားထက်သန် နေတာပဲ"

ဟော်ပေ့ချန်ရဲ့ မျက်ဝန်းတို့ကတော့ နေမြဲအတိုင်း အေးစက်လို့နေသည်။ "လီရိချန်ဆီက"

"??"

နင်မုန့် ရှုပ်ထွေးလို့သွာသည်။ ဒီလီရိချန်က နေပဲမကောင်းတာလား တခုခုများလား။ နေပါဦး သူက ငါ့နံပါတ်ကို ဘယ်လိုသိတာလဲ။ ထားပါ ထားပါ ဒါက အရေးမကြီးသေးဘူး။ အခုချိန်မှာ အရေးကြီးဆုံးက...

သူမ ဟော်ပေ့ချန်ကို ကြည့်လိုက်ပြီး "သူ ဖုန်းမှားခေါ်တာ‌နေမယ်"

"သူက မင်းနာမည် ခေါ်ပြီးတော့ကို ဆက်တာ"

"..."

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Onde as histórias ganham vida. Descobre agora