131[U&Z]

2K 269 3
                                    

[Unicode]

postကို လီဟောက်ကျယ်က ကိုယ်ပိုင် ဆုံးဖြတ်ချက် တစ်ယောက်တည်းချပြီး တင်လိုက်တာ ဖြစ်သည်။

ထိုသို့ တင်ပြီးသွားတဲ့နောက်မှာ အစည်းအ‌ဝေးကျင်းပနေတဲ့ အခန်းထဲမှ သူ့အေးဂျင့်ဖြစ်သူက ဒေါသဖြင့် အော်လိုက်တော့၏။ "ဘယ်သူက မင်းကို postတင်ဖို့ ခွင့်ပြုလိုက်လို့လဲ? ငါတို့ အကုန်လုံးက ခေါင်းခြောက်ခံပြီး မင်းနာမည်ကို ရှင်းလင်းပေးဖို့ ကြိုးစားပေးနေပေမယ့် မင်းကတော့ လူစွမ်းကောင်း ဝင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်?"

လီဟောက်ကျယ်က အေးဂျင့်ထက်တောင် ပိုဒေါသထွက်နေပုံ ပေါက်ပြီး မျက်နှာတစ်ခုလုံး အလိုမကျမှုတို့ ကြီးစိုးနေ၏။ "ဒီကိစ္စမှာ သူမ ခြေချုပ်မိနေမှာကို မကြည့်ရက်နိုင်ဘူး။ ဒီကိစ္စက သူမနဲ့ တကယ်ကို ဘာမှ မဆိုင်ဘူး။ အဲ့ဒါ ညှိနှိုင်းဖို့ လက်မခံတဲ့ ကျန်းရှန့်မေကြောင့်ပဲ!"

အေးဂျင့်က မျက်မှောင်ကြုပ်မိသွားသည်။ "အခုချက်ချင်း postကို ဖျက်ပြီး မိန်းကလေးကျန်းကို တောင်းပန်လိုက်။ အကယ်၍ သူမက ပြန်ပေါင်းထုတ်ဖို့ ဆန္ဒမရှိရ‌င်တောင် အခင်အမင်မပျက်စေဘဲ လမ်းခွဲလိုက်"

ဘန်း!

လီဟောက်ကျယ်က စားပွဲကို ရိုက်လိုက်ပြီး ဒေါသတကြီး မတ်တပ်ရပ်လိုက်သည်။ "ဘာလို့ ငါက တောင်းပန်ရမှာလဲ? ငါတို့က တွဲခဲ့ပြီး အခုလမ်းခွဲရုံပဲလေ__ဒါ အကုန်ပဲ!"

အေးဂျင့်က သူ့ကို ကြည့်လိုက်ပြီး အေးစက်စွာ ရယ်လိုက်သည်။ "ကျန်းမိသားစုက မင်း တက်သစ်စတည်းက ထောက်ပံ့ထားတဲ့ လူတွေ! သူတို့ စကားတစ်ခွန်းတည်းနဲ့ မင်းဘဝကြီး ဆုံးဆုံးမြုပ်သွားလိမ့်မယ်! အခုထိ ကျန်းမိသားစုက ဘာမှမပြောသေးသ၍ မင်းမှာ အခွင့်အရေးရှိသေးတယ်!"

ထိုသို့ကြားရတာကို လီဟောက်ကျယ် မုန်းသည်။ ရိုက်ခံလိုက်ရသလိုမျိုး လီဟောက်ကျယ်ရဲ့ ဒေါသကြောင့် မျက်နှာကပါ ပျက်ယွင်းလို့နေလေ၏။ "သွားပြီး ဖိနပ်သွားမလျပ်(မျက်နှာချိုမသွေး)နိုင်ဘူး။ တကယ်လို့ မင်းလုပ်ချင်ရင် ကိုယ်တိုင်သွားလုပ်! အဆုံးကရော ဘာဖြစ်လာမှာမို့လဲ? ငါ့အလုပ်အကိုင်ကို အဆုံးသတ်ပစ်မယ်? ဘာဖြစ်လဲ အဲ့တော့ရော ငါက ဒီနှစ်တွေထဲမှာတင် ဝင်ငွေ အများကြီး ရှာပြီးခဲ့ပြီးပြီ!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now