78[U&Z]

3.4K 430 25
                                    

[Unicode]

သမီးဖြစ်သူရဲ့ မေးခွန်းကို ကြားလိုက်တဲ့အခါ နင်ဝမ့်ထောင်ရဲ့ မျက်ရည်တွေက ပါးပေါ် လှိမ့်ကျလာတော့သည်။

နင်မုန့် အလျင်အမြန်ပဲ နှစ်သိမ့်ပေးလိုက်သည်။ "ဘာဖြစ်လို့လဲ အဖေ။ ရုပ်ရှင်က အရမ်းအောင်မြင်နေတာပဲလေ မဟုတ်ဘူးလား။ ဒါမှမဟုတ် အန်တီမေလင်း လား..."

နင်ဝမ့်ထောင်သည် သူ၏ သမီးကို လေးနက်စွာ စိုက်ကြည့်လိုက်ပြီး "အင်း ငါ့ချစ်သမီးလေးက နောက်ဆုံးတော့ ပိုက်ဆံကို ဘယ်လို ရှာရလဲ နားလည်သွားတာမို့ အဖေ အရမ်းပျော်သွားတာ။ သမီးရဲ့ အမေကတော့ အရမ်းဂုဏ်ယူနေမှာပဲ!"

"..."

ဒီလူကတော့.... ပိုက်ဆံ ဆုံးရှုံးသွားရင်လည်း ငိုသလို...မေးခွန်းက အရှိုက်ကို ထိသွားတဲ့အခါလည်း ငိုနေတုန်းသာ...

သူမ ဖခင်ရဲ့ စကားကို ကြားပြီးတဲ့အခါ နင်မုန့် အားတင်းပြုံးလိုက်သည်။ ပြီးနောက်မှာတော့ သူက ဖုန်းထုတ်ပြီး ဖုန်းစဆက်နေတာကို နင်မုန့် တွေ့လိုက်ရသည်။

"ဟေး ယောင်းမ လား။ ဟုတ်တယ် ဟုတ်တယ်....ကျွန်တော်တို့ ရုပ်ရှင်ကို အားပေး ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ဒါပေါ့ ဒါပေ့ါ။ ကျွန်တော် သိတာပေါ့! ရုပ်ရှင်ကအခု ငွေအများကြီး ဝင်လာတာ။ ဟဟဟ! မှန်တာပေါ့ မှန်တာပေါ့။ မုန့်မုန့်ပဲ ရင်းနှီးဖို့ စဉ်းစားခဲ့တာလေ။ ငါ့သမီးလေးက အခုဆို တကယ်ကြီး အရွယ်ရောက်လာပြီ။ ဟ...ဟုတ်တယ် ကျွန်တော်လည်း ထင်ပါတယ်။ သူက ကျွန်တော့်လိုပါပဲ နှစ်ယောက်လုံး ရင်းနှီးမြှုပ်နှံတဲ့နေရာမှာဆို အမြင်ကောင်းကြတာ..."

ပြီးနောက်မှာတော့ နောက်တစ်ယောက်ကို ထပ်ဆက်လိုက်သည်။

"ဟေး တူလေး ဘယ်လိုလဲ...!"

"ဟယ်လို...ဝမ်းကွဲအကို....!"

တဒါဇင်လောက်သော ဖုန်းနံပါတ်တွေကို ဆက်ပြီးတဲ့ နောက်မှာ နင်မုန့်ကတော့ တစ်ခုခုကို အလေးအနက် စဉ်းစားနေလိုက်၏။ ထိုစဉ်မှာပဲ ရုတ်တရက်....

"ဟုတ်သားပဲ သမီးရဲ့ တတိယ ဒေါ်လေးရဲ့ အဖွားရဲ့ တူမရဲ့ ဝမ်းကွဲကို ဖုန်းမဆက်ရသေးဘူးပဲ!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now