134[U&Z]

2.1K 269 7
                                    

[Unicode]

နင်မုန့်က ကျန်းရှန့်မေဆီ စာပို့လိုက်သည် : [ဒီကိစ္စရဲ့ တဝက်လောက်ထိပဲ ငါတို့ ခရီးပေါက်သေးတာ။ လီဟောက်ကျယ်နဲ့ စုထျန်းထျန်း ဘာဖြစ်သွားမလဲဆိုတာ စောင့်ကြည့်လိုက်!]

စာရောက်ပြီး မကြာခင်မှာပဲ ကျန်းရှန့်မေက စာပြန်ပို့လာသည် : [အဖေ trending topicကို ဝယ်ထားခဲ့တာလား]

နင်မုန့် ကြက်သေ သေသွားသည်။ သူမ တချက်ကြည့်လိုက်တော့ fan groupထဲမှ သူမ ထွက်လာခဲ့တဲ့ အကြောင်းအရာက နံပါတ်တစ် trending topicဖြစ်လို့ နေလေ၏။ hot trending topicဖြစ်တာက သာမန်ဖြစ်သည်။ ဒါ့အပြင် သတင်းကလည်း လတ်လတ်ဆတ်ဆတ်ပဲ ရှိနေသေးသည် သို့သော်ငြား တစ်စုံတယောက်က အချိန်တိုလေးအတွင်းမှာ သူမကို နံပါတ်တစ်ရောက်အောင် နေရာကို ဝယ်ပေးထားတယ်ဆိုတာ ထင်ရှားလို့နေ၏!

ဘယ်သူ ဖြစ်နိုင်မလဲ?

သူမ ကြက်သေ သေနေတုန်းမှာပဲ ကျန်းရှန့်မေက နောက်ထပ် စာတစ်စောင် ပို့လာသည် : [နင်က အမြဲတမ်းအတွက် ငါ့အဖေပဲ!]

"…"

နင်မုန့် ဖုန်း‌ချလိုက်ပြီး ဘယ်သူ ဖြစ်နိုင်မလဲဆိုတာ တွေးကြည့်လိုက်သည်။ လူရွှင်တော် ၃ယောက်ထဲက တစ်ယောက် ဖြစ်နိုင်သည်ဟု နင်မုန့် ကောက်ချချလိုက်သည်။ ချီရှန်ရဲ့ ပါးစပ်က ဆိုးပေမယ့်လည်း ကြင်နာတတ်တဲ့ နှလုံးသားရှိသည်။ အကယ်၍ သူက သူမကို ကူညီခဲ့တဲ့သူဆိုရင် သေချာပေါက် အခုချက်ချင်းကို ချပြလာလိမ့်မှာဖြစ်သည်။

တကယ်လို့ စုယွဲ့သာဆိုရင်ရော....

သူမ တွေးကြည့်လိုက်ရင်းပဲ WeChatကို ဖွင့်ကြည့်လိုက်သည်။ စာပို့မယ် လုပ်လိုက်ရင်ပဲ ချီရှန်ပို့ထားတဲ့ စာကို မြင်လိုက်တဲ့အခါ နင်မုန့် နှုတ်ခမ်းတွန့်သွား၏။

'မဒမ်?'

'ဒီကောင်က နောက်ထပ်ဘာတွေ လှည့်စားဦးမလို့လဲ?'

သူမ ဒေါသဖြင့် စာပြန်လိုက်သည် : [နင် ဒီနေ့ ဆေးမသောက်ခဲ့ဘူးလား?]

အောက်ထပ်မှာ စောင့်နေတဲ့ ဟော်ပေ့ချန်က တခနတာ ကြောင်အမ်းသွားသည်။ ပြီးနောက်မှာတော့ သူမနဲ့ မလိုက်ဖက်တဲ့ ချီရှန်ရဲ့ ပင်ကိုယ်စရိုက်ကို သဘောပေါက်လို့သွား၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now