54[U&Z]

3.7K 506 10
                                    

[Unicode]

လက်သည်းတို့ အသားထဲထိပါ နစ်၀င်ကုန်သည်အထိ ဟန်မေလင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိသွားသည်။ သာမန်အဆင့်အနုပညာရှင်က သူမအပေါ် မလေးမစားဆက်ဆံလာတဲ့ အပြုအမူကြောင့် ဒေါသအကြီးအကျယ် ထွက်လာ၏။

ဟန်မေလင်းရဲ့ အကြီးအကျယ် ရှက်နေပုံကို မြင်လိုက်ရတဲ့အခါ တစ်စုံတခုကို အကြီးကြီး အောင်မြင်သွားသည့်နှယ် ခံစားလိုက်ရ၏။ ဟန်မေလင်းဆိုသည်ကား အနုပညာနယ်ပယ်ထဲ အင်အားကြီးသည့် လူတစ်ယောက် ဖြစ်သည့်နှယ် ယခုမူ သူမက စုထျန်းထျန်းရဲ့ ထိန်းချုပ်ခံနေရလေ၏။

"တကယ်လို့ CEOဟန်အနေနဲ့ ကျွန်မရဲ့ ကမ်းလှမ်းမှုက မတရားဘူးလို့ ခံစားရတယ်ဆိုရင် မလုပ်ပဲနေလို့ရတယ်"

ပြီးသည့်နောက် သူမ မတ်တပ်ရပ်လိုက်ပြီး အစည်းအဝေးခန်းမထဲမှ ထွက်သွားရန် ပြင်လိုက်သည်။

"မသွားပါနဲ့! မသွားပါနဲ့!"

Mars Entertainmentမှ ၀န်ထမ်းအားလုံးက သူတို့ရဲ့ ငွေထုပ် တံခါးမှ ထွက်သွားမည့်အရေးကို စိတ်တုန်လှုပ်မိရင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြ၏။

"ကျွန်တော်တို့ ဘော့စ်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး စဉ်းစားဖို့ အချိန်နည်းနည်းတော့ပေးပါ" ၀န်ထမ်းသည် အပြုံးနှင့် ပြောလိုက်လေ၏။

"ရှင်တို့ရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံဖို့ ကျွန်မရဲ့ သနားညှာတာမှုအားလုံးကို ပြပြီးသွားပြီ! ဒီလိုတန်ဖိုးမရှ်ိတဲ့ ရုပ်ရှင်က ကျွန်မရဲ့‌‌ငွေသန်းနှစ်ဆယ်ကိုတောင် ပြန်အမ်းပေးနိုင်ပါ့မလားတောင် မသေချာတာ! ရှင်ပြောတာ မှန်ပါတယ်။ ကျွန်မလည်း ဒီကိစ္စကို သေချာစဉ်းစားကြည့်ဖို့ အချိန်လိုပြီလို့ ထင်တယ်"

ဟန်မေလင်း ခေါင်းမော့လိုက်သည်။ သူမရဲ့ လေးနှစ်တာ အားထုတ်ကြိုးပမ်းခဲ့မှုကို အမှိုက်တစ်ခုနှယ် သိပ်တောင်မသိတဲ့လူတစ်ယောက်က ပြောဆိုလို့နေ၏။ သူမသာ အရင်လူဖြစ်နေခဲ့ပါ အခုအခြေအနေကို ရင်ဆိုင်လိုက်မှာပဲဖြစ်သည်။ ရုပ်ရှင်အတွက် မြှုပ်နှံထားတဲ့ သန်း၃၀၀ကို သူမအနေနဲ့ ဥပေက္ခာပြုလိုက်‌နိုင်ပေမယ့် ၀န်ထမ်းတွေကပါ သူမနဲ့အတူတူ ‌ဒုက္ခခံစရာမလိုဘူးဆိုတာတော့ သိလေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now