137[U&Z]

2K 247 7
                                    

[Unicode]

ထမင်းစားပွဲနားမှာ ရပ်နေတဲ့ ဟော်ပေ့ချန်ရဲ့ စိတ်အခြေအနေက စတင်ပြီး မအီမသာ ဖြစ်လို့လာ၏။

'ငါခုနက ပြောလိုက်တဲ့စကားကို ပြန်ရုတ်သိမ်းလို့ ရနိုင်မလား?'

သူပြောခဲ့တဲ့ စကားကို ပြန်ပြင်ဖို့ရာ ဘယ်လိုပြောရမလဲ စဉ်းစားနေစဉ်မှာပဲ အဝေးမှာ အချိန်အတော်ကြာ ရပ်နေခဲ့တဲ့ အမျိုးသမီးငယ်လေးက ထမင်းစားပွဲဆီသို့ ပြေးလာလေ၏။ မျက်နှာတစ်ခုလုံးက စိတ်လှုပ်ရှားနေသည့် သွင်ပြင်ရှိလို့နေပြီး သူမ အကြိုက်ဆုံး ပေါက်စီအသေးစား ဖြစ်တဲ့ ရှောင်လုံပေါင်းကို ယူလိုက်ပြီး ပါးစပ်ထဲသို့ သိပ်ထည့်လိုက်လေ၏။

ပြောချင်တဲ့ စကားတွေကို ပြန်မြိုသိပ်လိုက်ရင်းသာ ဟော်ပေ့ချန် သူမနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ တူတစ်စုံ ယူပြီး စားလိုက်တဲ့ ပုံစံကပင် ဟော်ပေ့ချန်ရဲ့ ကျက်သရေ ဂုဏ်အရှိန်အဝါတို့ကို ဖော်ပြနေလေ၏။

ထိုအရာက နင်မုန့်အတွက်တော့ အထူးအဆန်း မဖြစ်တော့တာမို့ ခုံဆွဲယူပြီး သူနှင့်အတူတူ စားဖို့ ဝင်ထိုင်လိုက်သည်။ စားသောက်ဖို့ ပြင်လိုက်တဲ့အခါ ဆန်ပြုတ်ဘေးက တရုတ်ချဉ်ကို သတိပြုမိသွားသည်။

ဒီအစားအသောက်က သူမအတွက် အရမ်း ပြည့်စုံလွန်းတယ်!

နင်မုန့်က လောဘတကြီး နောက်ထပ် ပေါက်စီသေးကို ထပ်စားလိုက်သေး
သည်။ နောက်ထပ်တစ်ခုကို ထပ်ယူမယ်လုပ်တဲ့အခါ သူမ အရှေ့မှာ ထိုင်နေတဲ့အမျိုးသားက ရုတ်တရက် မတ်တပ်ရပ်ပြီး ကိုယ်အနည်းငယ် ကိုင်းကာ သူ့လက်တွေကို ဆန့်တန်းလာ၏။

မထင်ထားတဲ့ လှုပ်ရှားမှုကြောင့် နင်မုန့် ‌ထိတ်လန့်စွာပဲ အလိုအလျောက် နောက်ဆုတ်မိတုန်းမှာ ဟော်ပေ့ချန်ရဲ့ အမိန့်ပေးသံကို ကြားလိုက်ရသည်။ "မလှုပ်နဲ့"

ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ မျက်ဝန်းတွေနဲ့ သူ့ကို ကြည့်နေရင်းပဲ ချက်ချင်းဆိုသလို သူမရဲ့ ခန္ဓာကိုယ်က နေမထိထိုင်မသာ ဖြစ်လာလေ၏။

'ဒီလူအေးကြီးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ?'

အတွေးတချို့ သူမ ခေါင်းထဲ ပြေးလွှားနေဆဲမှာ သူ့လက်က သူမရဲ့ ဘယ်ဘက်ပါးကို ထိလာလေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now