72[U&Z]

3.5K 458 6
                                    

[Unicode]

စာအုပ်ထဲမှာ ဒီရုပ်ရှင်ရဲ့ ပထမဆုံးနေ့ ရုံဝင်ငွေက ၁၀သန်းသာဆိုတာ နင်မုန့် ‌ရှင်းရှင်းလင်းလင်း မှတ်မိသေးသည်။ ထိုပမာဏက သဘောကျလောက်စရာ ပမာဏဖြစ်ပြီး ရုံတင်ပြီး နောက်ရက်တွေမှာတော့ အဆင့်မှီမှီနဲ့ အရည်အသွေး ကောင်းမွန်စွာ ရိုက်ကူးထားမှုကြောင့် ပိုပိုအောင်မြင်လာတာ ဖြစ်သည်။

ဒါဆို အခုကရော? "The Hero"က ထိပ်ရောက်နေတယ် ဆိုရင်တောင် "Shifting to Mars"က သန်း၄၀ ဝင်အောင် လုပ်နိုင်သေးသည်။ ဒါကြောင့်ပဲ သတင်းကောင်းဟု ဆိုနိုင်ပေသည်။ မနက်ဖြန်ကျရင် ပိုပြီး ရလဒ် ကောင်းလာမယ်ဆိုတာ သူမ သိသည်။

ရင်းနှီးမြှုပ်နှံသူတွေကတော့ အချင်းများတုန်းပင်။

"ရင်းနှီးထားတာ ပြန်ရမယ်? တော်တော် မင်းက ထိုင်းတာပဲ!"

"ပထမဆုံးလို နေ့မှာတောင် သန်း၄၀ပဲ ဝင်လာတာ! ပြီးတော့ 'The Hero'ကလည်း ထိပ်ရောက်နေတာ။ ငါတို့က ဘယ်လိုလုပ်ပြီး လက်မှတ် ပိုရောင်းနိုင်တော့မှာလဲ"

နင်ဝမ့်ထောင်ကတော့ တိတ်ဆိတ်စွာ ထိုင်နေလေပြီး သူသည်လည်း စိတ်ပျော်ရွှင်မနေပေ။

သိပ်မကြာခင်မှာပဲ ရင်းနှီးမြှုပ်နှံသူတွေက နင်မုန့်ကို စတင် အပြစ်တင်တော့၏။

"ငါ မင်းကို အရင်ကတည်းက သတိပေးခဲ့ပါတယ်။ မင်းလို ကလေးက တော်တော်ကို ရှုပ်ထွေးအောင် လုပ်သွားတာ။ မစ္စနင် ကိုယ့်ကိုကိုယ် မရှက်မိဘူးလား!"

"မစ္စတာနင် ခင်ဗျားသမီးကို ခင်ဗျားချစ်တယ် ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမယ့် အခုလို ကုမ္ပဏီရဲ့ ငွေတွေကို ကလေးကစားသလို ကိုယ့်သမီးကို ကစားခိုင်းတဲ့ ဖခင်မျိုးတော့ တခါမှ မတွေ့ခဲ့ဖူးဘူး! ကျွန်တော်တို့ ကုမ္ပဏီကို ဘယ်လို ထင်နေတာလဲ။ ကစားကွင်းလို့များ ထင်နေတာလား ဟမ်"

ဘုန်း!!

နင်ဝမ့်ထောင် ဒေါသတကြီး ကုမ္ပဏီ စားပွဲကို ထိုးလိုက်တဲ့အခါ အခန်းတစ်ခန်းလုံး တိတ်ဆိတ်လို့ သွား၏။

"ဒီလိုအပြစ်တင်စကားတွေ ငါ့ကို ကြိုက်သလောက် ပြောလို့ရတယ်။ ဒါပေမယ့် ငါ့သမီးကိုတော့ လုံး၀ မထိနဲ့! ငါတို့ရဲ့ ပထမ‌အဆင့် အနုပညာရှင် လင်းချင်ပေ့ကို ဘယ်လို ရခဲ့တာလဲ။ အရာအားလုံးက ငါ့သမီးကြောင့်ပဲ။ ဒါနဲ့တောင် အခု မင်းတို့က ငါ့သမီး တစ်ခုမှ မတော်ဘူးလို့ ပြောနေသေးတာလား"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now