119[U&Z]

2.4K 304 6
                                    

[Unicode]

"Throne of Songs"အစီအစဉ်က တနိုင်ငံလုံး အတိုင်းအတာနှုန်းနဲ့ တိုက်ရိုက် ထုတ်လွှင့်ပြသတာ ဖြစ်ပြီး ထိုအစီအစဉ်က နိုင်ငံထဲက မြို့တိုင်းနီးပါးကြား ရေပန်းစားလာလေ၏!

ဒါ့အပြင် #လင်းချင်ပေ့# ကလည်း အင်တာနက်ပေါ်မှာ အရှာများဆုံး နာမည်ဖြစ်လာလေသည်။

ပွဲကို ကြည့်လိုက်ကြတဲ့ လူတိုင်းလိုလို လင်းချင်ပေ့ရဲ့ လှပတဲ့ အသံကြောင့် အံ့ဩကုန်ကာ ရင်ထဲထိကုန်ကြ၏။ ထိုအရာက "Wrong Love"သီချင်းဆိုတာ ကံကောင်းမှု သက်သက်ကြောင့် နာမည်ကြီးလာတာ မဟုတ်စေဘဲ တကယ်အရည်အချင်း ရှိတာကြောင့် ဖြစ်တယ်ဆိုတာ လူတိုင်းကို သဘောပေါက်သွားစေ၏။ သူဆိုတာက တရုတ်popလောကရဲ့ ကောင်းကင်ဘုရင် အသစ်ပဲ!

သဘာ၀ ကျစွာပဲ အွန်လိုင်းစစ်တမ်း ကောက်ယူ မှုမှာလည်း မဲအများဆုံး ရသွားခဲ့သည်။

ထို့အတူ စုထျန်းထျန်းအတွက် လီဟောက်ကျယ်ရဲ့ ချီးမြှောက်မှုကလည်း အင်တာနက်ပေါ်မှာ လူတိုင်းလိုလို ဇာတ်လမ်း ဆင်လာကြပေမယ့် အခုတော့ Weiboပေါ်မှာ တစ်ယောက်‌လေးတောင်မှ မပြောကြတော့ပေ။ ထိုအရာက ကျန်းရှန့်မေရဲ့ မိသားစုက mediaအပေါ် လွှမ်းမိုးနိုင်မှုကို ပြသလို့ နေ၏။

အိမ်ရောက်တာနဲ့ နင်မုန့် ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး သူမရဲ့ "ချိုချဉ်" Weiboအကောင့်ထဲ ဝင်လိုက်သည်။

ဒင်.

စုထျန်းထျန်းရဲ့ fan managementက ပို့လာတဲ့ စာဖြစ်လေသည် : [ချိုချဉ်လေး အခုပဲ မန်နေဂျာက ငါတို့ကို ပြောလာတယ် လင်းချင်ပေ့ရဲ့ သီချင်းကို ဆိုရမယ့် မူရင်းလူက စုထျန်းထျန်းတဲ့။ ဒါပေမယ့်လည်း ထျန်းထျန်းရဲ့ လည်ချောင်း ပြဿနာကြောင့် လင်းချင်ပေ့က သူမရဲ့ သီချင်းနဲ့ အောင်မြင်မှု ယူသွားနိုင်ခဲ့တာ! သူ့အောင်မြင်မှု တစ်ခုလုံးက သူမကြောင့် ဖြစ်လာတဲ့ဟာ အခုထိ Weiboပေါ်မှာ ကျေးဇူးတင်ကြောင်းလေးတောင် ဖော်မပြဘူး! ဘယ်လောက် ယုတ်မာတဲ့လူလဲ!]

[ချိုချဉ်လေး ငါတို့တွေ လင်းချင်ပေ့ရဲ့ weiboမှာ ဆန္ဒသွားပြဖို့ လူစုနေတာ။ နင်ရော လာဦးမလား?]

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now