154[U&Z]

1.5K 192 7
                                    

[Unicode]

ဟော်ပေ့ချန်ဆိုတာ လူချမ်းသာတွေကြား အမြဲတမ်း မြှောက်ပင့်ခံရတဲ့ လူတစ်ယောက်ဖြစ်သည်။

ကျန်းရှန့်မေ အပါအဝင် တခြားသူတွေပါ သူ့ကို အားကျရင်း ကြီးပြင်းလာကြတာ ဖြစ်၏။

သူက ကြီးကျယ်လွန်းတဲ့ လူတစ်ယောက်မို့ သေချာပေါက် သူ့လက်ဆောင်က ဈေးနည်းမှာတော့ မဟုတ်ဘူး။

သူမကိုယ်သူမ သဘောပေါက်သွားတဲ့အခါ ကျန်းရှန့်မေ ကြက်သေ သေသွားသည်။

သူမက ဘယ်အချိန်က စပြီး နင်မုန့်လို ပိုက်ဆံမက်တဲ့ တစ်ယောက် ဖြစ်သွားရတာလဲ?

အခုတော့ သူမလိုလူက အမှိုက်ပုံးထဲက တစ်စုံတခုကို ကောက်နေသည်တဲ့လေ။

အတူရှိတာကြာလေ အသွင်တူကြလေဆိုတာ တကယ်ပါပဲ!

ကျန်းရှန့်မေ စိတ်ဆိုးစွာနဲ့ပဲ လက်ဆောင်ဘူးကို အမှိုက်ပုံးထဲ ပြန်လွှင့်ပစ်ဖို့ လုပ်လိုက်ချိန်မှာ မခွာရသေးသည့် ငွေပမာဏကို မြင်လိုက်သည်။ ၂.၁၉သန်းတောင် တန်နေ၏!

ကျန်းရှန့်မေ ဆွံ့အ သွားသည်။

နင်မုန့်ကို ဝယ်ပေးခဲ့တဲ့ အိတ်အားလုံးပေါင်းထက်တောင် အများကြီး ဈေးကြီးနေသေးသည်။

သူမ တခန တုန့်ဆိုင်းနေလိုက်ပေမယ့် လက်ဆောင်ဘူးကို ကြည့်နေရင်းပဲ နင်မုန့်ဆီသို့ လျှောက်သွားလိုက်ကာ "ဒီမှာ နင့်ဟာက"

နင်မုန့်က စိတ်မတည်မငြိမ် ဖြစ်နေသေးတာမို့ ချက်ချင်းပဲ ပြောလိုက်သည်။ "ငါ မလိုချင်ဘူး"

နီရဲပြီး မို့မောက်နေတဲ့ မျက်ဝန်းတွေနဲ့ သူမက ဓာတ်လှေကားကို လက်ညှိုး ထိုးပြရင်း အော်ဟစ်လိုက်သည်။ "နင် သိတယ်မလား? ငါ့ကို ဖောက်ပြန်သွားတဲ့ လူက သူပဲဆိုတာလေ! ဒါပေမယ့် သူကပဲ ပြန်ပြီး မှန်တဲ့လူ နေရာကတောင် သရုပ်ဆောင်သွား ရသေးတယ်? ဘာလို့များ သူက လက်ဆောင်ကို လွှင့်ပစ်လိုက်ရတာလဲ? တကယ်လို့သာ အဲ့လက်ဆောင်ကို လွှင့်ပစ်လိုက်မယ်ဆိုရင် ငါ စိတ်မကောင်း ဖြစ်သွားမယ်လို့ သူက ထင်နေတာလား? လုံးဝပဲနော်! သူ့ပိုက်ဆံနဲ့ သူဖြုန်းလိုက်တာ ငါ့ပိုက်ဆံ မဟုတ်ဘူး!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now