153[U&Z]

1.7K 192 2
                                    

[Unicode]

လျှောက်လမ်းတစ်ခုလုံး မကြာခင်မှာပဲ ကို့ရိုးကားယား တိတ်ဆိတ်မှုနှင့် ဖုံးလွှမ်းလို့သွားလေ၏။

ကျန်းရှန့်မေက ကြက်သေ သေနေတဲ့ အမူအရာနဲ့ပဲ ကြည့်မိလိုက်တဲ့အခါ အေးခဲစွာ ရပ်နေတဲ့ ဟော်ပေ့ချန်ကိုပါ တွေ့လိုက်ရသည်။ သူမ တကိုယ်လုံး တုန်ယင်သွားပြီး ဖုန်းကို ပိတ်ဖို့ ကြိုးစားလိုက်ပေမယ့် မတော်တဆ နောက်တကြိမ် ပြန်ဖွင့်မိသွားလေ၏။ ထိုအခါ အစောက မပါခဲ့တဲ့ ပထမဆုံးအကြောင်းပါ ပါလာလေသည်။ "ဘယ်ယောက်ျားမှ ကောင်းတဲ့ မိန်းကလေးကိုဆို ချစ်လိမ့်မှာ မဟုတ်ဘူး! ငါ့တို့ကိုယ်ငါတို့ လူတစ်ယောက်တည်းဆီမှာပဲ မမြှုပ်နှံထားနိုင်ဘူး! ငါတို့က အတိတ်ကို ဖက်တွယ်နေသ၍......"

သုတ်သုတ်ပျာပျာ ပိတ်လိုက်ရင်းပဲ နောက်ဆုံးမှာ သူမ အောင်မြင်စွာ ပိတ်နိုင်သွားသည်။

နင်မုန့်ကတော့ ပြောစရာ စကားတို့ ပျောက်ရှလို့သာ သွားတော့၏။

ဒီ ဂြိုလ်ဆိုးမ ကျန်းရှန့်မေကတော့!

နင်မုန့် မကူမကယ် နိုင်စွာပဲ နှဖူးကို ဖိမိသွားသည်။ ကို့ရို့ကားယားတဲ့ ခံစားချက်တွေက သူမ တမျက်နှာလုံးမှာ ရေးထားသလို ခံစားလိုက်ရပြီး ချက်ချင်းပဲ အပေါက်တစ်ပေါက် ရှာပြီး ပြေးသာပုန်းလိုက်ချင်တော့၏။

ပြီးနောက်မှာတော့ သူမရှေ့က ထိုလူကို ကြည့်လိုက်သည်။ သူ့မျက်နှာ အမူအရာက အစောကထက်တောင် ပိုဆိုးနေပေပြီ။ သူ့ခံစားချက်တွေကို ဖိနှိပ်ဖို့ ကြိုးစားနေတာ ရှင်းလင်းလှ၏။

ဒါ့အပြင် အနီးတဝိုက်မှ လေထုကပါ ဆောင်းရာသီလို ဖြစ်လာလေသည်။

နင်မုန့်ကို စိုက်ကြည့်နေတဲ့ ဟော်ပေ့ချန်ရဲ့ အနက်ရောင် မျက်ဝန်းတွေက ဒေါသတို့ပါဝင်နေ၏။ အချိန်မရွေး ဒေါသတို့ ပေါက်ကွဲလာနိုင်မည့်အလား ဖြစ်နေသည်။

ဟော်ပေ့ချန်က သူ့ဒေါသတွေကို ဖိနှိပ်ထားဖို့ အကောင်းဆုံး ‌ကြိုးစားနေလေပြီး နောက်ဆုံးမှာတော့ တစ်လုံးချင်းစီ ရေရွတ်လာသည်။ "သစ်..တော...?"

သူ ထင်ခဲ့တာက အမျိုးသမီးလေးက သူ့ကို တောင်းပန်ပြီး ချော့လာမယ်လို့။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now