181[U&Z]

1K 131 5
                                    

[Unicode]

ကျန်းရှန့်မေက voice messageကို ပိတ်လိုက်ချင်ပေမယ့် ထိတ်လန့်သွားတာမို့ သူမ ဖုန်းကို မတော်တဆ ပစ်ချမိသွားသည်။ ထိုအခါ ချီရှန်ရဲ့ နောက်ထပ် message တွေကပါ ကားထဲ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

"စင်ပေါ်မှာ သူ့အချစ်ကို ၀န်ခံလိုက်တာတဲ့လား!? romantic ဖြစ်တယ်ဆိုပြီး နင်တွေးနေတယ် မလား? ဟမ့် ငါ သိပြီးသား! အဲ့လင်းချင်ပေ့ကြောင့် နင် ပျော်နေမယ်ဆိုတာ ငါသိပြီးသား!"

"အင်တာနက်ပေါ်က လူတိုင်း အခုဆို နင်တို့ နှစ်ယောက်အကြောင်း သိကုန်ပြီ။ နင် နဲ့ ဘော့စ် လက်ထပ်ထားတဲ့ အကြောင်းက လူထုကို ချမပြထားတော့ ငါတို့ထဲက လူတွေလောက်ပဲ သိတယ်ဆိုပေမယ့် တခါလောက်တော့ ကန့်သတ်ချက်လေးနဲ့ ‌လေ့ကျင့်ထားလို့ မရဘူးလား?! ငါတို့ အကုန်လုံးက နင့်အတိတ်တွေကို မေ့ပြီး ဆက်လျှောက်တာ လောလောလတ်လတ်ပဲ ရှိသေးတာတောင် နင်ကတော့ ကိုယ့်ကိုကိုယ် မထိန်းနိုင်ဘူးပေါ့? ငါ နင့်ကို တော်တော် စိတ်ပျက်မိတယ်!"

နောက်ဆုံးမှာတော့ voice message ပြီးသွားသလို ကျန်းရှန့်မေကလည်း သူမ ဖုန်းကို ပြန်ကောက်နိုင်လိုက်ပြီ ဖြစ်၏။ သူမ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တော့ နင်မုန့်ရဲ့ သေစေလောက်တဲ့ အကြည့်တွေနဲ့ သွားတိုး၏။

နင်မုန့်လည်း အလွန် ထိတ်လန့်သွားမိတာ ဖြစ်သည်။

သူမနဲ့အတူ ကျန်းရှန့်မေကိုပါ ကားထဲ ဆွဲခေါ်ခဲ့သည့် အကြောင်းအရင်းမှာ အနည်းဆုံးတော့ ဟော်ပေ့ချန် အနေနဲ့ သူမကို သတ်ချင်လာသည်ဆိုတောင် မျက်မြင်သက်သေ တစ်ယောက်ရှိနေတာမို့ ပွဲချင်းပြီး သတ်လိမ့်မည် မဟုတ်ဟု တွေးခဲ့သည်။

ဘယ်လိုပဲ ဖြစ်ဖြစ် ထိုကျန်းရှန့်မေက သူမကို ကျဆုံးခန်းထိ ရောက်အောင် တွန်းပို့လိုက်မယ်လို့ မထင်ထားခဲ့!

နင်မုန့်က ကျန်းရှန့်မေရဲ့ ဖုန်းကို အေးစက်စွာ ကြည့်လိုက်ပြီး "နင် သိလား....လွန်ခဲ့တဲ့ ရက်အနည်းငယ် ဒီဖုန်း အမျိုးအစားအကြောင်း ငါ ဖတ်ခဲ့ရတယ်။ ရောင်ခြည်အရမ်း ဖြာထွက်တယ်လို့ သူတို့က ပြောထားတယ်။ ငါ နင့်ကို ပြောပြဖို့ စိတ်ကူးထားတာ ‌ဒါပေမယ့်....."

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now