43[U&Z]

4.1K 526 2
                                    

[Unicode]

စားပွဲပေါ်ရှိ ကွန်ပြူတာဆီမှ 'ding'ဆိုသည့် အသံကြားလိုက်ရုံနဲ့ emailရောက်လာပြီဆိုတာ ဟော်ပေ့ချန် သိလိုက်သည်။ နင်မုန့် နဲ့ လင်းချင်ပေ့တို့ ဖက်ထားသည့်ပုံက ကွန်ပျူတာပေါ်တွင် တဖြည်းဖြည်း ရုပ်လုံး ပေါ်လာလေ၏။ ဓာတ်ပုံထဲမှာ နင်မုန့်ရဲ့ နောက်ကျောကိုသာ မြင်ရသည်မို့ သူမရဲ့ ဇဝေဇဝါ ဖြစ်သွားသော မျက်နှာ အမူအရာကို မမြင်ရပေ။

ဟော်ပေ့ချန် လက်သီးကို ကျစ်ကျစ်ဆုပ်ထားသလို အကြည့်တို့က ဓာတ်ပုံပေါ်မှ မခွာပေ။ မကြာခင်မှာပဲ သူ့မျက်လုံးတွေက ရဲရဲနီလာပြီး သားရိုင်းကောင် ပမာနှယ် ဖြစ်လာ၏။ သွေးတို့ဆူပွက်လာသလို စိတ်ရိုင်းတို့က တဖြည်းဖြည်း နေရာယူလာသည်။
...

တဖက်မှာတော့ နင်မုန့်က ကုတင်ပေါ်တွင် လှဲနေတာဖြစ်ပြီး သူမတွင် ဖြစ်လာတော့မည့် အရာတွေကို မသိသည့်နှယ် ဒူးနှံ့နေလေသည်။ သူမရဲ့ လက်နှစ်ဖက်လုံးကတော့ ဖုန်းပေါ်တွင် လှုပ်ရှားနေသည်။

messageကို မြင်လိုက်သည်နှင့် နင်ဝမ့်ထောင်က ချက်ချင်းဆိုသလို စာပြန်ပို့လာသည်။

[မုန့်မုန့် ....မကြောက်နဲ့နော်! အဖေအခု လမ်းမှာရောက်နေပြီ!]

[အဖေ လွတ်မြောက်ဖို့အတွက် လမ်းလား]

[....]

နင်မုန့် သူမရဲ့ဖုန်းကို ဘေးသို့ ချလိုက်၏။ လင်းချင်ပေ့ကို ဟော်အဖွဲ့အစည်းရဲ့ ambassadorအဖြစ် ခန့်ဖို့ ဆုံးဖြတ်ပေးသူက ဟော်ပေ့ချန်ပဲဆိုတာ နင်မုန့် နားလည်သည်။ လင်းချင်ပေ့ရဲ့ အနောက်ဂတ်က ပို၍ တောက်ပလာဦးမည်ဆိုတာကိုလည်း နင်မုန့်သိလေသည်။ နောက်တမျိုးပြောရပါက လင်းချင်ပေ့ဆိုတာ ဟော်အဖွဲ့အစည်းအတွက် ကြီးမားတဲ့  အောင်မြင်မှုကို ယူပေးမည့်လူ ဖြစ်လေ၏။

သူမ ဘေးဘက်သို့ လှည့်လိုက်ပြီး ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်တွေးနေ၏။ ဟော်ပေ့ချန်က ကြမ်းကြုတ်ပြီး ကရုဏာတရား ကင်းမဲ့တယ်ဆိုတာ အမှန်ဖြစ်လေသည်။ စိတ်မှန်တဲ့ လူတစ်ယောက်မှန်ရင် ဟော်ပေ့ချန်ကို လုံး၀ ရန်မစရဲပေ။ ဟော်ပေ့ချန်က သူစိတ်ဆိုးနေတဲ့ အချိန်ကလွဲ သူမအပေါ် ဘယ်တုန်းကမှ မနှိပ်စက်ခဲ့ဖူးဘူးဆိုတာ သူမ သဘောပေါက်လိုက်၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now