179[U&Z]

1.1K 145 3
                                    

[Unicode]

နင်မုန့် ကိုယ်ထက်မှာ တောက်ပနေတဲ့ အလင်းရောင်မှလွဲ တခြားနေရာတွေမှာ အလင်းရောင်မရှိ။ အလင်းရောင်ကြောင့် မျက်လုံးကန်းမတတ် ဖြစ်စွာပဲ နင်မုန့် ရီဝေစွာ ခေါင်းမော့ကြည့်လိုက်သည်။

ချလပ်!

ချလပ်!! ချလပ်!! ချလပ်!!

သတင်းထောက်တွေက သူမ ရှိရာဘက် ကင်မရာကို ချိန်ရွယ်လို့ထားကြပြီး ရူးသွပ်စွာ ဓာတ်ပုံ ဆက်တိုက် ရိုက်လာကြ၏။

အစောက တိတ်ဆိတ်နေခဲ့ကြတဲ့ လူထုဟာလည်း ကျယ်လောင်စွာ အားပေးလာကြသည်။

"တွဲလိုက်ပါ! တွဲလိုက်ပါ! တွဲလိုက်ပါ!"

"....!"

နင်မုန့် စတင်ပြီး ထိတ်လန့်သွား၏။

ပထမဆုံး သူမ ဘာလုပ်ချင်လဲဆိုတာ အခု စဉ်းစားနေမိပြီ ဖြစ်သည်။ စင်ပေါ် ပြေးတက်သွားပြီး လင်းချင်ပေ့ရဲ့ လည်ပင်းကို ချိုးလိုက်ရမလား? ဒါမှမဟုတ် တူနဲ့ အရင်ဆုံး ကျန်းရှန့်မေရဲ့ ခေါင်းကို ရိုက်လိုက်ရမလား__ ကိုယ့် သူငယ်ချင်း ဒုက္ခရောက်တာကို ကြည့်ချင်နေပုံရတဲ့ သူငယ်ချင်းကိုလေ?

သေချာပေါက်တော့ သူမ အနေနဲ့ ထိုနှစ်ခုလုံးကို လုပ်မှာတော့ မဟုတ်။ ဘာလို့လဲ? ရှင်းပါသည် အခုအချိန်မှာ သူမ အနေနဲ့ ပထမဆုံး ဒီသတင်းထောက်တွေရှေ့က ပျောက်ကွယ်ရဖို့ ဖြစ်သည်။ ဒါကြောင့်ပဲ နှောင့်နှေးမှုမရှိ မတ်တပ်ရပ်လိုက်ပြီး ၀န်ထမ်းတွေရဲ့ အကူအညီနဲ့ စင်နောက်သို့ ကတိုက်ကရိုက် ပြေးဝင်သွားလိုက်သည်။

ထွက်ပြေးသွားတဲ့ ကောင်မလေးကို ကြည့်ပြီး လင်းချင်ပေ့ ပြုံးမိသွားသည်။ ဒါဟာ အလိမ်တော့ မဟုတ်။ သူ့ရဲ့ အခု albumထဲက သီချင်းအားလုံးကို သူတစ်ယောက်တည်းက ရေးထားတာဖြစ်သည်။ သူ့ရဲ့ ကိုးကားထားတဲ့ အကြောင်းအရာတွေက နင်မုန့်ဆီက လာတာမို့ ထို့ကြောင့်ပဲ ဒီသီချင်းတွေက သူမအတွက် ရေးထားတာဟု ဆိုနိုင်ပေ၏။

စင်နောက်ရောက်တဲ့အခါမှ နင်မုန့် သက်ပြင်းချလိုက်သည်။

ဒင်..

ခေါင်းငုံ့ကြည့်လိုက်တော့ သူမ ဖုန်းပေါ်မှ WeChat messageကို မြင်လိုက်ရသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now