19[U&Z]

4.8K 657 1
                                    

[Unicode]

"ယောက်ျား အကုန်လုံးက ကျွန်မ အမှားပါ။ တကယ်ကို ဒီလိုညစ်ပတ်တဲ့ လှည့်စားမှု‌တွေ မလုပ်လိုက်သင့်....ခန ခုနက ဘာပြောလိုက်တာ?"

အံ့ဩစွာပင် ဟော်ပေ့ချန်အား သူမ အံသေစွာ ကြည့်နေမိသည်။

သူမပဲ နားကြားမှားတာလား?

ဟော်ပေ့ချန်က နားလည်ရခက်တဲ့ လူဖြစ်တာမို့ သူ့အတွေးတွေကို နင်မုန့် မခန့်မှန်းနိုင်။ ဟော်ပေ့ချန် နှုတ်ခမ်းတို့ ဖြည်းဖြည်းချင်း ပွင့်ဟလာပြီး ပြောလိုက်သည် "ဘာတွေယူခဲ့ချင်လဲ"

"...."

ခနတာ ကြောင်အသွားပြီး နောက်မှာတော့ နင်မုန့် အပျော်တို့ဖြင့် ပြည့်နှက်သွား၏။

"ခနလေးနော် အခုချက်ချင်း အထဲ၀င်ပြီး ထုပ်ပိုးလိုက်မယ်!"

နင်မုန့် သူမအခန်းပြန်ပြီး အ၀တ်တွေ ထုပ်ပိုးနေချိန်မှာတော့ ချီရှန် မူလအသိစိတ်တို့ ပြန်၀င်လာသည်။

"ဘော့စ် ဘာလို့ လက်ခံလိုက်ရတာလဲ"

သူ့မေးခွန်းကို ဟော်ပေ့ချန်ကတော့ မဖြေပေ။ သူ့ နှုတ်ခမ်းဒေါင့်စွန်းသည် အနည်းငယ် ကော့တက်နေ‌လေ၏။ ထို့နောက် ပြင်သစ်တံခါးဘောင်ဆီသို့ လျှောက်သွားလိုက်ပြီး လက်ရှိအခြေအနေကို မေ့သွားနိုင်သည်အထိ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ချီရှန် ထပ်ပြီး စောဒက တက်ရန် ပြင်လိုက်ပေမယ့် နင်မုန့်ကတော့ သူမluggageနှင့် အခန်းထဲမှ ထွက်လာလေသည်။

"..."

အခန်းထဲ၀င်သွားတာ ၅စက္ကန့်လောက်ပဲ ရှိပြီး ချက်ချင်းပြန်ထွက်လာလေသော သူမသည် နဂိုတည်းက ထုပ်ပိုးပြီးနေတာ ထင်ရှားနေလေ၏။

"ဉာဏ်များလိုက်တဲ့ မိန်းမ! နင် အစတည်းက အကုန်လုံးကို စီစဉ်ခဲ့တာပဲ!" ချီရှန် ဒေါသထွက်စွာ ပြောလေ၏။

နင်မုန့်ကတော့ ချီရှန်အား မျက်လုံးတဖက်မှိတ်ပြရင်း ပြိုင်ပွဲမှာ သူမနိုင်သွားကြောင်း ပြုမူပြလေသည်။ သူမရဲ့ အပြုအမူကြောင့် ချီရှန် ပိတ်ရိုက်ချင်လာသည်။ သို့ပေမယ့်လည်း ဟော်ပေ့ချန် ကြည့်လာသည့်အခါ နင်မုန့်ကတော့ နဂို နူးနူးညံ့ညံ့ပုံစံလေးအတိုင်း ပြန်ဖြစ်သွားလေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now