164[U&Z]

1.5K 198 2
                                    

[Unicode]

ဘာ!?"

စီနီယာက သူမရဲ့ အဖြေကို ရှော့ရသွားကာ "လွန်ခဲ့တဲ့ နှစ်အနည်းက ငါ့ကို မော့နရှားက သင်ပြပေးခဲ့တာမို့ အရမ်းကျေးဇူးတင်နေမိတာ။ တကယ်လို့ အခွင့်အရေးကြုံရင် လူကိုယ်တိုင် ကျေးဇူးတင်နိုင်ဖို့ မျှော်လင့်မိတယ်"

ကျန်းရှန့်မေက ယဉ်ကျေးစွာနဲ့ပဲ "ကျွန်မ အမေ့ကို မေးကြည့်ပြီးရင် အကြောင်းပြန်ပေးပါ့မယ်"

"ဒါပေါ့ ဒါပေါ့"

လီဟောက်ကျယ်ကတော့ ‌ကြက်သေ သေစွာနဲ့ ဆွံ့အလို နေဆဲဖြစ်သည်။ ပြီးနောက်မှာတော့ နင်မုန့် မေးတာကို သူကြားလိုက်ရသည်။ "ကျန်းရှန့်မေ နင် ဘယ်လိုဖြစ်ပြီး in-ear monitor တစ်ဖက်တောင် မပါဘဲ ဆိုနိုင်ရတာလဲ"

ကျန်းရှန့်မေရဲ့ ဖြေရှင်းချက်ကို သူ နားထောင်နေလိုက်သည်။ "ငါ့ အမေက သီချင်းဆိုရ‌တာ ကြိုက်တော့ ငါ့အဖေက သူမအတွက်ဆိုပြီး ပွဲခန်းမကြီး ဆောက်ပေးထားတာ။ ငါ့အမေရဲ့ ကျန်းမာရေးက အရမ်းကြီး ကောင်းတဲ့ထဲမပါတော့ သာမန် တခါတလေလောက်ပဲ ဆိုဖြစ်တယ်။ ငါကလည်း အဲ့ကို လိုက်သွားနေကျဆိုတော့ သူမက ငါ့ကို သင်ပေးတာ"

'မဖြစ်နိုင်တာ....ဒါက မဖြစ်နိုင်တာ!'

လီဟောက်ကျယ်က ဒေါသထွက်လာကာ ကျန်းရှန့်မေကို ကြည့်ရင်း စိတ်ဆိုးစွာ မေးလိုက်သည်။ "ဘာလို့ ငါ့ကို လိမ်ခဲ့ရတာလဲ?!"

ကျန်းရှန့်မေက နင်မုန့်နဲ့ စကားပြောနေဆဲဖြစ်ပြီး သူအခုလို ကြားဝင် ပြောလာလိမ့်မယ်လို့ မထင်ထားခဲ့။ အလွန်အံ့ဩစွာသာ သူ့ကို ကြည့်လိုက်သည်။ အမှောင်ထဲက မီးရောင်တွေကြားမှာ လီဟောက်ကျယ်ရဲ့ ပုံစံက စစ်ပွဲမှာ သူရှုံးသွားကြောင်း ပြသနေပုံပေါ်သည်။ တချိန်က ချစ်ခဲ့ဖူးတဲ့ လူက စိတ်ရှုပ်စရာ ခါးသီးတဲ့ ခံစားချက်တွေအဖြစ် ပြောင်းလဲသွားသည်။ သူမကတော့ ထိုရန်ငြိုးတွေကို လက်လွှတ်လိုက်ရန်သာ ဆုံးဖြတ်ချက်ချလိုက်၏။

သူမက တည်ငြိမ်စွာပဲ သူ့ကို ပြန်ဖြေလိုက်သည်။ "ဘာအလိမ်လဲ"

သူမရဲ့ ခပ်ဖျော့ဖျော့ လေသံက အနည်းငယ် သူမ ပြောင်းလဲသွားကြောင်း ပြသလို့နေသည်။ လီဟောက်ကျယ်ကတော့ ကျန်းရှန့်မေကို စူးရဲစွာ စိုက်ကြည့်လျက် "သီချင်း မဆိုနိုင်ဘူးလို့ မင်း ငါ့ကို လိမ်ခဲ့တယ်"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Dove le storie prendono vita. Scoprilo ora