186[U&Z]

888 96 0
                                    

[Unicode]

နင်မုန့်က မျက်လုံးအကြည့်တွေကို ရှောင်ပြီး ‌ထစ်ငေါ့စွာနှင့် ပြောလိုက်၏ ‌"သေ... သေချာပေါက် ယွီရှု ဥယျာဉ်ဆီကိုပေါ့!"

အကြောင်းပြချက်ကို ရှာလိုက်ပြီး "ကျွန်မ skincare productတွေနဲ့ နေ့စဉ်အသုံးပြုဖို့ လိုအပ်တာတွေက အဲ့မှာပဲရှိသေးတော့ အခုတော့ ကျွန်မအနေနဲ့ အဲ့မှာပဲ နေဦးမယ်...."

နင်မုန့်က အ‌ရမ်းတွေးတတ်တဲ့ typeမဟုတ်ပေ။ အကယ်၍ နှလုံးသားလေးကသာ လှုပ်ရှားလာခဲ့ရင် သူမတို့ နှစ်ယောက်လုံး အတွဲအစစ်တွေ ဖြစ်လာနိုင်တာ သာမန်ပဲဆိုရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် သူမ အနေနဲ့လည်း သူမရဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး မရှင်းမလင်း ဖြစ်နေတုန်းဖြစ်သည်။ ခံစားချက်တွေနဲ့ ပတ်သက်လာရင် သူမအနေနဲ့ တုံ့ပြန်မှု နှေးတယ်ဟု ပြောလို့ရပြီး အနှောင်အတွယ် နှင့် ဆန္ဒတွေအားလုံးက စိတ်ကူးယဉ်အတွေး သက်သက် ဖြစ်သွားမှာလည်း ကြောက်နေ၏....

ထို့အတူ ဟော်ပေ့ချန်ရဲ့ ခံစားချက်တွေက ရုတ်ချည်း ပြောင်းလဲသွားပုံပေါ်သည်။ အေးစက်စက်နိုင်ခဲ့ပေမယ့် ရုတ်တရက်ဆိုသလိုပဲ အခုချိန်မှာတော့ နွေးထွေးသည့်ပုံစံ ဖြစ်နေလေသည်။ သူမ အနေနဲ့ ထိုအရာကို အစစ်အမှန်လို့လည်း မခံစားရတာကြောင့် အခုလောလောဆယ်တော့ အတူမနေတာ အကောင်းဆုံးဖြစ်မည်ဟု သူမ တွေးလိုက်တာဖြစ်၏။

သူမ စိတ်ဆုံးဖြတ်ပြီးတဲ့အခါ အားပျော့စွာ ဟော်ပေ့ချန်ကို ကြည့် ကြည့်လိုက်သည်။ သူ့ အမူအရာက အေးစက်နေတာမို့ သူမ အလျင်အမြန်ပဲ ပြောလိုက်လေသည် "ပြီးတော့ အခုလောလောဆယ်တော့ ကျွန်မတို့ အတူတူရှိလို့ မရနိုင်ဘူး"

"??"

နင်မုန့်က ဆက်လက်ပြီး ရွှင်ပျစွာနှင့် "ဘာလို့ဆို ရှင်နဲ့တွေ့တဲ့ အခါတိုင်း ကျွန်မ ကိုယ်ခံအားတွေ ဆုံးရှုံးသွားလို့လေ။ ‌ရာသီဥတုသာ အေးလာရင် ကျွန်မ အလွယ်တကူ အဖျားဝင်သွားလိမ့်မယ်!"

"…"

သူကတော့ မျက်လွှာချလိုက်ပြီး အနည်းငယ်တော့ စိတ်ပျက်သွားလေ၏။

တစ်ခုခု အမှားလုပ်လိုက်မိသလို နင်မုန့် ခံစားလိုက်ရတာကြောင့် ချော့လိုက်လေသည်။ "ကျွန်မ ခုခံအားတွေကို တည်ဆောက်ပြီးတဲ့အထိပဲ စောင့်ပေးပါ။ ပြီးရင်တော့ ကျွန်မ ရှင့်ဆီကို ပြောင်းလာခဲ့မယ် အို ကေ?"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now