81[U&Z]

3.2K 417 8
                                    

[Unicode]

ချီရှန်ရဲ့ ဘိုးဘေးတွေကိုပါ နင်မုန့် တိတ်ဆိတ်စွာ မေတ္တာပို့လိုက်ပြီးနောက်မှာတော့ ယောက်ျားဖြစ်သူကို စတင် နှစ်သိမ့်ပေးရန် ကြံစည်တော့သည်။ သူက ရုပ်ရှင်မှာ ၁ဘီလီယံတောင် မြှုပ်နှံထားပေးခဲ့တဲ့အပြင် အခုဆို လက်မှတ် ၅သိန်းတောင် ဝယ်ခဲ့သေးတာ။ အဲ့တာတောင် သူမက သူမရဲ့ရုပ်ရှင်ကို supportပေးဖို့ တစ်ခါလေးတောင် မတောင်းဆိုခဲ့ဘူးလို့ ပြောခဲ့လိုက်သေးတယ်။ တော်တော် ရက်စက်လိုက်တာ! သေချာပေါက်ကို အရမ်း ရက်စက်တဲ့ အပြုအမူပဲ!

အောက်ထပ် မီးဖိုချောင်ဆီသို့ နင်မုန့် အမြန်ပြေးသွားလိုက်ပြီး ခရမ်းချဉ်သီးကြက်ဥနဲ့ ခေါက်ဆွဲတစ်ပွဲ ပြင်ဆင်လိုက်သည်။ ထို့နောက်မှာတော့ အပေါ်ထပ်ရှိ စာကြည့်ခန်းထဲဆီသို့ ဂရုတစိုက် သယ်သွားလိုက်၏။

စာကြည့်ခန်းရှေ့သို့ ရောက်တဲ့အခါ နင်မုန့် တုံ့ဆိုင်းနေမိသည်။ ဟော်ပေ့ချန်ကို နီးစပ်အောင် သူမအနေနဲ့ ဘယ်လို ချဉ်းကပ်ရမလဲ မစဉ်းစားတတ်ပေ။

ခနတာ တွေးတောပြီးတဲ့နောက် သူမ အနောက်ဘက်မှ ဥယျာဉ်ကို ကြည့်လိုက်သည်။

...

စာကြည့်ခန်းတွင် ဖြစ်သည်။

ဟော်ပေ့ချန် အနည်းငယ် ဒေါသထွက်သလို ခံစားနေရ၏။ သူကရော ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ တစုံတယောက်ကို ကူညီဖို့ လက်ကမ်းပေးလိုက်တဲ့အခါ ပြန်ရလိုက်တာက သိမ်ငယ်စေတဲ့ ခံစားချက်သာဆို ဘယ်သူမှ စိတ်ကောင်းမှာ မဟုတ်ဘူးလေ။

ဖိုင်တွဲ အနည်းငယ်ကို ဖတ်ပြီးတဲ့နောက်မှ စိတ်က တည်ငြိမ်သွားလေ၏။

ရုတ်တရက်ပဲ တံခါးက ပွင့်လာသည်။

အမှီးကို လှုပ်ယမ်းရင်းနဲ့ ‌ထျန်းထျန်းလေးက အထဲဝင်လာကာ ဟော်ပေ့ချန်ရဲ့ လက်ကို လျက်လိုက်ပြီးနောက်မှာတော့ သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ သဘာဝတကျပင် ဟော်ပေ့ချန်က ခေါင်းကို ပွတ်ပေးနေလိုက်၏။

ပြီးနောက်မှာတော့ သူမြင်လိုက်တာက ချစ်ဖို့ကောင်းတဲ့ ခေါင်းသေးသေးလေးက ပွင့်နေတဲ့ တံခါးနောက်ကနေ ချောင်းကြည့်နေတာ ဖြစ်ပြီး သူစိတ်ဆိုးနေသေးလား စစ်ဆေးကြည့်နေသည့် ပုံပင်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now