60[U&Z]

3.7K 470 7
                                    

[Unicode]

ချီရှန်၏ ဒေါသသည် အထွတ်အထိပ်သို့ ရောက်လာလေ၏။ ချီရှန်က ပြန်ပို့ဖို့ စာတွေ အလောတကြီး ရိုက်နေတာကို နင်မုန့် မြင်‌နေရသည်။

[သိပ္ပံရုပ်ရှင်တွေဆိုတာ အနောက်နိုင်ငံတွေရဲ့ အားသန်ရာ ဇာတ်ကားတွေပဲ။ ငါတို့နိုင်ငံက ထွက်လာတဲ့ သိပ္ပံကားမှန်သမျှ သူတို့ကို ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဘော့စ်ရဲ့ ပိုက်ဆံတွေကို အခုလိုစွန့်စားရမယ့် ရုပ်ရှင်မှာ မရင်းနှီးလိုက်ဖို့ ငါအကြံပေးချင်တယ်။ အေး နင်တကယ်လို့ အဲ့လိုလုပ်လိုက်မယ်ဆိုရင် အဆုံးသတ်က  ကောင်းမှာမဟုတ်ဘူး]

တစ်မိနစ်လောက် စာရိုက်ပြီးချိန်မှာ နင်မုန့်ဆီသို့ ချီရှန် စာပို့လိုက်ပြီး ထိုအကြံဉာဏ်က စစ်မှန်ပြီး ကိုယ်ချင်းစာပုံ ပေါ်နေလေ၏။

[စိတ်မပူပါနဲ့။ ဒီအဖေက ဘာလုပ်ရမလဲ သိပါတယ်]

[ထွက်သွားလိုက်တော့! နင် ငါနဲ့ အလောင်းအစား လုပ်ရဲလား]

[ဘယ်လို အလောင်းအစားလဲ]

[အကယ်၍ နင်ရှုံးခဲ့ရင် အနာဂတ်မှာ အိမ်မှာနေပြီး အိမ်ရှင်မပဲ လုပ်ရမယ်! တခြား ဘယ်ယောက်ျားနဲ့မှ အီစီကလီ မလုပ်ရဘူး! ဘယ်လိုပဲဖြစ်ဖြစ် တကယ်လို့သာ နင့်ရင်းနှီးမြှုပ်နှံမှုက အကျိုးများခဲ့မယ်ဆိုရင်တော့ နင့်အနေနဲ့ ငါ့ကို ကြိုက်တာ လုပ်ခိုင်းလို့ရတယ်]

တောင်းဆိုချက်က ကြီးတော့ ကြီးလေသည်။

[ငါနင့်ကို လုပ်ချင်တဲ့အတိုင်း မလုပ်နိုင်ဘူး]

[...…..]

[ဒါပေမယ့်လည်း ငါနင့်ကို သေချာပေါက် ‌သင်ခန်းစာပေးမယ်!]
[ငါ နင့်အဖေတစ်ယောက်အနေနဲ့ အမြဲတမ်း မှန်ပြီးသားပဲ!]

[စောင့်ကြည့်တာပေါ့…]

ဒုတိယမြောက်နေ့မှာ ဟော်ပေ့ချန်ဆီက ရရှိထားတဲ့ သန်း၁၀၀ကို Mars Entertainmentသို့ နင်မုန့် လွှဲလိုက်သည်။ ပြီးနောက်မှာတော့ ကုမ္ပဏီရဲ့ တံဆိပ်တုံးယူဖို့ နင်မုန့် Lemon Entertainmentသို့ ထွက်လာလေ၏။

သူမ ရောက်တဲ့အခါ အပြင်ဘက်မှ ပန်းတွေကို ဝမ်းနည်းနေသည့် မျက်နှာဖြင့် ငေးကြည့်နေသော နင်ဝမ့်ထောင်ကို တွေ့လိုက်ရသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now