67[U&Z]

3.7K 493 2
                                    

[Unicode]

နှစ်ယောက်စလုံး အရယ်ရပ်သွားကြပြီး စက်ရုပ်တွေကဲ့သို့ အနောက် လှည့်ကြည့်လိုက်တဲ့အခါ ပထမထပ်ကနေ သူတို့ကို စိုက်ကြည့်နေတဲ့ ဟော်ပေ့ချန်ကို မြင်လိုက်ရသည်။

"..."

သူ့ဘော့စ်က လူတစ်ယောက်ကို ဝါးစားပစ်တော့မတတ်ထိ ဒေါသထွက်နေတယ်လို့ စုယွဲ့ခံစားလိုက်ရ၏။

သူ ခပ်မြန်မြန်ပဲ နင်မုန့်နဲ့ ဝေးတဲ့နေရာကို ရွှေ့ထိုင်လိုက်သည်။

နင်မုန့်က ညင်သာစွာဖြင့် မေးလိုက်သည် "ဘုရင်ကြီးချန် ကော်ဖီ သောက်ချင်လို့လား"

"အင်း" ကြည့်ကောင်းလှတဲ့ မျက်ခုံးနှစ်ဖက်က ပင့်တက်သွားရင်း ပြောလိုက်သည်။

မျက်နှာချိုသွေးတဲ့နေရာ ဆရာကျနေပြီ ဖြစ်တဲ့ နင်မုန့်က ချက်ချင်းပဲ ထိုင်နေရာကနေ ခုန်ချလိုက်ပြီး "ကျွန်မ ဖျော်ပေးမယ်! ကျွန်မရဲ့ ကြီးမြတ်လှတဲ့ ဘုရင်ကြီး ကိုယ်တိုင် ကော်ဖီဖျော်ဖို့ ဘယ်ခွင့်ပြုရက်ပါ့မလဲ!"

သူမ ခပ်မြန်မြန်ပဲ မီး‌ဖိုချောင်ထဲသို့ ပြေးသွား၏။

နှစ်မိနစ် ကြာပြီးနောက်မှာတော့ ကော်ဖီပူပူလေး တစ်ခွက် ကိုင်ထားရင်း မီးဖိုချောင်မှ ထွက်လာလေသည်။

အပေါ်တက်နေရင်းနဲ့ပဲ နင်မုန့် မေးလိုက်သည်။ "ရှင်က သက်မှတ်ထားတဲ့ အရည်အချင်းတွေထက်ကို သာလွန်တဲ့ လူတစ်ယောက်ဖြစ်ပြီးတော့ သန်းနဲ့ချီတဲ့ တပည့်တွေကို အုပ်ချုပ်နေတဲ့ လူတစ်ယောက်လေ။ အခု ချီရှန်က မရှိတော့ဘူးဆိုတော့ ကော်ဖီကိုတောင် ရှင်ကိုယ်တိုင် ဖျော်နေရပြီ။ အဲ့အကြောင်းကို စဉ်းစားလိုက်ရုံနဲ့ ကျွန်မ နာကျင်မိတယ်။ ဒီတော့လေ ချီရှန်ကို ပြန်လာခွင့် ပြုလိုက်ရင်ရော"

ထိုသို့ ပြောပြီးနောက် သူမ ဟော်ပေ့ချန်ဆီကို အမြန်သွားပြီး ချိုမြန်တဲ့ အပြုံးလေးနဲ့ ကော်ဖီကမ်းလိုက်၏။

ဟော်ပေ့ချန်ကတော့ စုယွဲ့ကို လှမ်းကြည့်လိုက်သည်။ နှစ်ယောက်လုံး အစောက တစ်ခုခု ကြံစည်နေတယ်ဆိုတာ အထင်အရှား ဖြစ်လေသည်။ ချီရှန် နဲ့ နင်မုန့်ရဲ့ ဆက်ဆံရေး ဆိုးရွားပုံကို သူပြန်တွေးလိုက်သည်...

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now