189[U&Z]

1.1K 119 0
                                    

[Unicode]

နင်မုန့် တံခါးကို ဖွင့်လိုက်တော့ လူထုဆက်ဆံရေး ဌာနမှ မန်နေဂျာဟွမ်းကို မတ်တပ်ရပ်ပြောနေတဲ့ နင်၀မ့်ထောင်ကို တွေ့လိုက်ရသည်။ သူမကို တွေ့တဲ့အခါ နင်၀မ့်ထောင်က မှားသွားတဲ့ မျက်နှာနှင့် "မုန့်မုန့် အချိန်ကိုက်ရောက်လာတာပဲ။ ‌သူ့ကိုပြောလိုက်ဦး အဖေ ၅နာရီထက် နည်းပြီး ပြောဖူးလားလို့?"

"..."

နင်မုန့်ကတော့ နှာရိုးကိုသာ နှိပ်မိသွားသည်။ "အဖေ အခုချိန်က ဒါတွေ ပြောနေရမယ့် အချိန်မဟုတ်ဘူး။ မန်နေဂျာဟွမ်း ဒီတခေါက် ကိစ္စကို ဘယ်လို ဖြေရှင်းကြမှာလဲ?"

မန်နေဂျာဟွမ်းက ပြုံးလျက် "စိတ်မပူပါနဲ့ CEOနင်ရဲ့ ရုံးခန်းထဲမှာရှိတဲ့ CCTVတွေကနေ ရိုက်ထားတာတွေက သိမ်းထားပြီးသွားပြီ။  တုံ့ပြန်ဖို့အတွက် ကျွန်တော်တို့ အနေနဲ့ အဲ့ဗီဒီယိုတွေကို ထုတ်လိုက်ရုံပါပဲ။ အခု ကျွန်တော်တို့က လျူယင်းပေးရမယ့် ဖျက်သိမ်းထားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဆွေးနွေးနေတယ်"

အေးဆေးစွာနှင့် မန်နေဂျာဟွမ်း ‌ရှင်းပြနေတာကို မြင်တဲ့ ပါးပါးနင်ကတော့ ဘာတွေ ဖြစ်နေမှန်း နားမလည်နိုင်သေးပုံနှင့် ဖြစ်နေလေ၏။ နင်မုန့်ကလည်း ထိုအခါမှ စိတ်သက်သာရာ ရသွားသလို မျက်၀န်းတွေကလည်း အေးစက်လို့ သွားလေ၏။ "ဒါပေါ့ ကျွန်မတို့အနေနဲ့ တတ်နိုင်သလောက် အမြင့်ဆုံးကြေးကို သက်မှတ်သင့်တယ်! ဒီကိစ္စအတွက် သူမကိုတောင် တရားစွဲဖို့ လိုသေးတာ ပြီးတော့ ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာကို ပျက်စီးအောင် လုပ်တဲ့အတွက် ပြန်ပြီးပေးဆ‌ပ်‌စေရမယ်!"

မန်နေဂျာဟွမ်းက ခေါင်းညိမ့်လိုက်ပြီး "ဒါဆို မိန်းကလေးနင်က အခု လျူယင်းဆီသွားပြီး ပြန်ပေးဆပ်ခိုင်းလိုက်ရင်ရော။ သူမက ကောက်လည်းကောက်ကျစ်သေးတယ်။ ဥ‌ပဒေဌာနက လူအိုကြီးလီ သူမကို မကိုင်တွယ်နိုင်မှာ စိုးရိမ်မိတယ်"

"ရတာပေါ့" နင်မုန့် မတ်တပ်ရပ်လိုက်ပြီးနောက် ထွက်သွားလိုက်လေ၏။

နင်၀မ့်ထောင်ကတော့ သူမကို အနောက်မှ စူးစမ်းနေလေသည်။ အကွာအဝေးတစ်ခုထိ လျှောက်သွားတဲ့ သူမကို ကြည့်ပြီးနောက် အနောက်ဘက်မှသူက ခပ်ဖျော့ဖျော့ ပြုံးလိုက်လေ၏။ ပြီးနောက်မှာတော့ သူ့ မျက်ခုံးကို ပင့်လိုက်ရင်း မန်နေဂျာဟွမ်းကို ပြန်ကြည့်လိုက်ကာ "ဆက်ပြောပါ"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now