11[Z&U]

6.1K 913 6
                                    

[Zawgyi]

ကတိ

ဟော်ပေ့ချန်သည် အားအနည်းငယ်သုံးကာ နင်မုန့်ကို သူ့ဘေးသို့ရောက်အောင် ဆွဲလိုက်၏။

"သူမကို လွှတ်လိုက်!"

သုရုံ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဟော်ပေ့ချန်ဆီ ဝင်လုံးလိုက်ချင်ပေမယ့် ကံမကောင်းစွာပင် ချီရှန်က ဝင်ထားလိုက်၏။ သုရုံအား စူးရဲစွာကြည့်နေရင်းမှ လက်သီးလုပ်လိုက်သော  လက်တဖက်နှင့် လက်ဝါးတဖက်ကို ပွတ်နေလိုက်သည်။

"ဒီကိုလာ...မင်းရဲ့အနာဂတ်နဲ့ ဘဝအကြောင်း ပြောရအောင်..." ကြေငြာဘုတ်နောက်သို့ သုရုံအား ဆွဲခေါ်သွားရင်း ချီရှန်ပြောလိုက်သည်။

သုရုံအဝေးသို့ ဆွဲခေါ်သွားခံရသည်ကို မြင်လိုက်ရသည့် နင်မုန့်ရဲ့ ခန္ဓာကိုယ်ကလည်း အလိုအလျောက် တုန်လှုပ်လာလေ၏။ တံတွေးတို့မြိုချလိုက်ပြီးနောက် ဟော်ပေ့ချန်အား သူမ ကြည့်လိုက်သည်။ ဟော်ပေ့ချန်၏ မျက်နှာတွင် အမူအရာ တစ်ခုလေးတောင် ရှိမနေ။ သူ နင်မုန့်ကို ကြည့်သည့်အကြည့်တွေကအစ လူသေကောင်တစ်ကောင်ကို ကြည့်နေသလိုမျိုး ဖြစ်လေသည်။

"ယောက်ျား ကျေးဇူးပြုပြီး ကျွန်မပြောတာ နားထောင်ပါဦး! ရှင်က ကျွန်မရဲ့ idolနဲ့ ကယ်တင်ရှင်ပဲ! ကျွန်မ သူ့ကို ဘယ်တော့မှကြိုက်မှာ မဟုတ်ဘူးဆိုတာ ရှင်သိမှာပါ! ပြီးတော့ သုရုံက အရမ်း အောက်ကျို့ခံပြီး အားနည်းတယ်။ သူ့အနေနဲ့  ရှင့်ရဲ့ ကြွက်သားတွေရှိပြီး အရပ်ရှည်တဲ့ ခန္ဓာကိုယ်ကို ယှဉ်နိုင်စရာ အကြောင်းမရှိဘူး!" နင်မုန့် ပြောလိုက်သည်။

ဟော်ပေ့ချန်ဆီတွင် ဘာအမူအရာမှ မရှိသလိုပဲ ဖြစ်နေတုန်းမို့ သူမ ဆက်ပြောလိုက်၏။ "ရှင့်ရဲ့ လက်ရှိက အထက်တန်းကပဲ! ပြီးတော့ ရှင်က အမြဲတမ်း အရမ်းကို ခွန်အားပြည့်ဝပြီး အားကောင်းတယ်! ပြီးတော့လေ....ပြီးတော့..."

ယခုအခါ နင်မုန့်ရဲ့ ချီးမွမ်းစကားတွေသည် ကုန်သွားပြီဖြစ်လေ၏။ ဒီတကြိမ် သူမပြောလိုက်တဲ့ အရာတွေက ဟော်ပေ့ချန်အပေါ် အလုပ်ဖြစ်ပုံတောင် မပေါ်။ နောက်တကြိမ် ဘာပြောရမလဲဆိုတာ စဉ်းစားပြီးချိန်မှာပဲ တနေရာသို့ ဟော်ပေ့ချန်က သူမကို ဆွဲခေါ်သွားလေ၏။ စာအုပ်ထဲတွင် ဟော်ပေ့ချန်က ကြမ်းတမ်းပြီး အကြင်နာတရား ကင်းမဲ့သောသူဟု ဖော်ပြထားတာ နင်မုန့် သတိထားရသွားသည်။ ဒီတကြိမ် သူမကို သူ သတ်တော့မလို့များလား?

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now