173[U&Z]

1.4K 158 3
                                    

[Unicode]

လင်းချင်ပေ့ နာမည်မကြီးခင်မှာ လျူယင်းက ကုမ္ပဏီရဲ့ အကောင်းဆုံးသော ပိုင်ဆိုင်မှုဖြစ်လေပြီး လူတိုင်းက သူမအပေါ် အမြဲတမ်း အာရုံစိုက်ထားကြ၏။

နင်မုန့် သရော်မိသွားသည်။ ပြီးနောက်မှာတော့ တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ၀င်သွားလိုက်လေ၏။

နင်မုန့်ကို တွေ့လိုက်တဲ့အခါ လျူယင်းရော သူမရဲ့ အေးဂျင့်ဖြစ်သူပါ လန့်သွားကြသည်။

လျူယင်းရဲ့ ဒေါ‌သတွေက တိမ်ဝင်သွားပြီး နင်မုန့်ဘက်သို့ ကို့ရို့ကားရားနိုင်စွာသာ လှည့်ကြည့်လာ၏။ "မိန်းကလေး နင်...."

အေးဂျင့်ဖြစ်သူက နင်မုန့်ကို ကတိုက်ကရိုက် နှုတ်ဆက်လာသည်။ "မိန်းကလေး နင်ပါလား။ ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ?"

နင်မုန့်က လျူယင်းဘက်သို့ လှည့်ကြည့်လိုက်၏။

သူမပုံစံက လုံးဝကို ချိုမြိန်ပြီး လှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့် အလွယ်တကူ ဒေါသထွက်တတ် ကျိုးကြောင်းဆီလျော်မှု မရှိတဲ့သူ တစ်ယောက် ‌ဖြစ်နေသည်။ သူမက အနည်းငယ် နာမည်ရလာချိန်တည်းက ကုမ္ပဏီမှာ ‌ဒေါသကို ရှေ့တန်းတင်လာတတ်သည်။

နင်မုန့်အနေနဲ့ သူမကို အခုလိုမျိုးတော့ လွှတ်မထားနိုင်ဘူး!

တိုက်ရိုက်ပဲ လိုရင်းကိုသာ နင်မုန့် ပြောလိုက်၏။ "နင် နဲ့ လင်းချင်ပေ့က ကွာခြားတယ်။ သူ အဆိုတော်လုပ်ချိန်မှာ နင်က မင်းသမီး တစ်ယောက်ပဲ။ မတူတဲ့နှစ်ခုကို  ဘာတွေ သဘောထား ကွဲလွဲနေရတာလဲ?"

လျူယင်းရဲ့ မျက်နှာက ရုတ်တရက် ချက်ချင်းဆိုသလို နီမြန်းလာ၏။ သူမ ကိုယ်တိုင် ချီတုံချတုံ ဖြစ်လာသလို ဘာမှလည်း မပြောနိုင်တော့။

နင်မုန့်က အေးစက်စွာ ပြုံးလိုက်ပြီး ချေငံစွာ ပြောလိုက်၏။ "တကယ်လို့ နင့်မှာ ဒီမှာ လာရှုပ်ဖို့လောက်ထိ အချိန်တွေများနေရင် ဘာလို့များ ကိုယ့်အရည်အချင်းကို တိုးတက်အောင် သွားလေ့ကျင့် မနေရတာလဲ?"

လျူယင်းက လက်သီးကိုသာ ဆုပ်လိုက်ပေမယ့် ပြန်ပြီး ခံမပြောရဲပေ။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now