14[Z&U]

5.9K 882 2
                                    

[Zawgyi]

ကိုယ့်သမီးကို ပျက်စီးအောင် လမ်းဖောက်ပေးခဲ့တဲ့ အဖေ

နှစ်ယောက်လုံးသည် မတ်တပ်ရပ်နေလျက်သား တစ်ယောက်မျက်ဝန်း တယောက် ကြည့်နေလေ၏။ စက္ကန့်ပိုင်းအတွင်း သူ့ဂုဏ်သိက္ခာကို နင်မုန့် ဖျက်စီးခဲ့သည့်တိုင် နင်ဝမ့်ထောင်ကတော့ အမြဲပင် တည်ငြိမ်ပြီး လေးနက်နေ၏။

"ဒီမှာ ဘာတွေဖြစ်နေလို့လဲ? ကိုယ့်အဖေကိုတောင် ဘာကြောင့် မမှတ်မိနိုင်ရတာလဲ?"

"သမီး မျက်လုံးတခုခုဖြစ်နေတာ နေမှာ!"

သူမ အကြောင်းပြချက်က ရယ်စရာဖြစ်နေသည်မို့ အဖေဖြစ်သူက သူမကို ယုံကြည်လိမ့်မှာ မဟုတ်ဘူးဆိုတာ နင်မုန့် သိလိုက်တာမို့ နောက်ပိုင်း ဖြစ်လာမည့် ဆိုးရွားစွာဆက်ဆံခံရမည့် သူမပုံစံအမျိုးစုံကို စတင်ပုံဖော်နေလိုက်သည်။ သူမ ခန္ဓာကိုယ်တွင် သမီးဖြစ်သူ၏ ဝိဥာဉ်မရှိတော့ဘူးဆိုတာ နင်မုန့်အဖေ သဘောပေါက်လာမည့်အချိန်ကို ရေတွက်နေလေ၏။ ပြီးလျင် သူမကို လေ့လာစစ်ဆေးဖို့အတွက် သုတေသနဋ္ဌာနသို့ လွှဲပြောင်းလောက်မှာ ဖြစ်သည်။

"အကုန်လုံးက အဖေ့အမှားပါ" သက်ပြင်းချရင်း နင်ဝမ့်ထောင် ပြောလိုက်သည်။

"?"

"ဟော်ပေ့ချန်ကို ဖျက်စီးပစ်ဖို့ အဖေ့ဘက်က အားထုတ်နိုင်မယ် မထင်ဘူး။ သမီး သိထားရမှာက တနေ့အဖေ့ဘက်က သူ့ကိုဖျက်စီးပစ်ဖို့ အင်အားလုံလောက်တဲ့တနေ့ သမီးခံစားရတာထက် ဖျက်စီးပစ်ပေးမယ်။ အခုလောလောဆယ်တော့ ခံစားနေရတဲ့ ဝေဒနာတွေအတွက် အဖေ တကယ် စိတ်မကောင်းပါဘူး"

"မဟုတ်ဘူး! မဟုတ်ဘူး! သမီးအခု ဝေဒနာ ခံစားနေရတာ မဟုတ်ဘူး!" နင်မုန့် လက်တွေခါယမ်းပြရင်း ဖြေလိုက်သည်။

"မုန့်မုန့် , သမီးက မရင့်ကျက်သေးဘူးလို့ လူတိုင်းက အဖေ့ကိုပြောကြပေမယ့် အဖေ့အတွက်တော့ သမီးက ကမ္ဘာပေါ်မှာ အတော်ဆုံးကလေးလေးပါပဲ။ ကမ္ဘာကြီးက သမီးကို ဘာလုပ်ခဲ့လဲ ကြည့်လိုက်! သမီးရဲ့ စိတ်ကတောင် သမီးကိုပြန်ပြီး လှည့်စားနိုင်နေပြီ! အခုလေးတင် အဖေ့ကိုတောင် မမှတ်မိဘူးလေ။ သမီးကို အဖေ စိတ်မပူဘဲနေမလား?"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Où les histoires vivent. Découvrez maintenant