172[U&Z]

1.5K 163 2
                                    

[Unicode]

အိပ်ယာပေါ်မှာပဲ ခနကြာသည်အထိ နင်မုန့် လှဲနေမိသည်။ ထူးဆန်းတဲ့ အိမ်မက် မက်ပြီးနောက်မှာ ဖြစ်ပေါ်လာသည့် ရှုပ်ထွေးတဲ့ ခံစားချက်တွေကို တည်ငြိမ်အောင် လုပ်ချင်တာမို့ပင်။ သူမ ဖုန်းကို ကြည့်လိုက်တော့ မနက်၉နာရီတောင် ထိုးနှင့်နေပြီဆိုတာ သဘောပေါက်လိုက်သည်။

WeChat message အနည်းငယ်ကို သူမ ရထားပြီး ထိုတွေထဲမှ တစ်စောင်က ဟော်ပေ့ချန် ပို့ထားတာဖြစ်သည်။  လွန်ခဲ့တဲ့ ၁နာရီတည်းက သူ ပို့ထားတာဖြစ်၏။

ဟော်ပေ့ချန် : [အခု ခရီးသွားနေပြီ]

နင်မုန့်က အိပ်ယာပေါ်တွင် လှဲနေရင်းမှ emojiနဲ့ စာပြန်လိုက်သည် [ကောင်းပါပြီ.jpg]

သူမ ခနလောက် စဉ်းစားပြီးနောက်မှာ ဟော်ပေ့ချန်ရဲ့ chat boxကို ထိပ်ဆုံးမှာ ထားထားလိုက်၏။ ပြီးနောက်မှာတော့ တခြား messageတွေကို အစဉ်လိုက်တိုင်း ဖတ်လိုက်သည်။ "ဒီနေ့ ဘော့စ်က အရမ်းကြည့်ကောင်းနေတယ်" group chatမှ ဖြစ်၏။

ချီရှန် : [မနက် ၅နာရီမှာပဲ နိုးလာတယ်! ခွန်အားပြည့်ဝနေတဲ့ ခံစားချက်ပါ ခံစားလိုက်ရတယ်! နင်တို့ရော နိုးကြပြီလား @စုယွဲ့ @နင်မုန့် @ကျန်းရှန့်မေ]

[လေ့ကျင့်ရေးကနေ ဒီကိုရောက်လာပြီးနောက်မှာ ဘော့စ်ဘေးမှာ နေရတာက ဘယ်လောက်ထိ အံ့ဩစရာ ကောင်းတဲ့ဘ၀လည်းဆိုတာ ငါသဘောပေါက်သွားခဲ့တယ်။ အကယ်၍ ငါသာ အချိန်နောက်ပြန်သွားလို့ရရင် သေချာပေါက် ငါ လုံ့လ ဝီရိယနဲ့ ကြိုးစားပြီး ဟော်‌အဖွဲ့အစည်းက ဘော့စ်နဲ့ ပူးပေါင်းမှာ ဒါမှပဲ ‌‌တ‌နေ့တခြား ချမ်းသာလာမှာမို့လေ]

ကျန်းရှန့်မေက လွန်ခဲ့တဲ့ ၁နာရီခွဲက နိုးလာခဲ့တာ ဖြစ်ပြီး groupထဲမှာ သူမက သူနဲ့ အငြင်းပွားနေခဲ့တာ ဖြစ်၏။

ကျန်းရှန့်မေ : [ဒီစာတွေကို မစ္စတာဟော်ဆီ ပို့သင့်တာ မဟုတ်ဘူးလား? ဘာလို့ ဒီထဲမှာ လာပို့နေတာလဲ? အချိန်အကြာကြီး ရည်းစားမရှိဘဲ နေခဲ့ရတာတော့ စောစောစီးစီး ဒီလိုပုံစံ ဖြစ်နေတာလား?]

ချီရှန် : [...ငါ့မှာ မိန်းမ ရှိတယ် ကျေးဇူး]

နုံအတဲ့ ကျန်းရှန့်မေက သူပြောတာကို ယုံကြည်သွားသည် : [တဆိတ်နော်]

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now