175[U&Z]

1.3K 156 1
                                    

[Unicode]

ပြိုင်ပွဲတွေနဲ့ စစ်ပြီးတဲ့အခါမှာတော့ အလွန်ထူးချွန်တဲ့ အဆိုတော်တွေ အနည်းငယ်သာ ကျန်တော့တာ ဖြစ်သည်။

နောက်ဆုံးပြိုင်ပွဲမှာ အရှေ့က သူတို့ပြိုင်ခဲ့တဲ့ ဖျော်ဖြေမှုနဲ့ ရလဒ်တွေအပေါ် ‌အခြေခံပြီး ရွေးချယ်မှာ ဖြစ်သည်။ ထို့အတူ နောက်ဆုံးပြိုင်ပွဲနေ့ လာရောက်ကြည့်ရှူတဲ့ လူသောင်းပေါင်းများစွာကလည်း မဲပေးကြမှာဖြစ်ပြီး ထိုရလဒ်ကလည်း နောက်ဆုံးချန်ပီယံ ဘယ်သူဖြစ်မလဲဆိုတာ ဆုံးဖြတ်တဲ့အခါ အကူအညီ ဖြစ်စေမှာ ဖြစ်၏။

အခုလို အဆိုပြိုင်ပွဲက အဆိုတော်တစ်ယောက်ရဲ့ မျိုးစုံသော စွမ်းရည်တွေမှာ အဆိုတော်တဲ့ စစ်မှန်တဲ့ ခွန်အား၊ နာမည်ကြီးမှု နဲ့ ပုံရိပ်တွေတို့ ပါဝင်လေပြီး စုထျန်းထျန်းက အကျော်ကြားဆုံး အဆိုတော်ဖြစ်လေတာမို့ ဟိုးအစောတည်းက စုထျန်းထျန်းပဲ အနိုင်ရမယ်လို့ မျှော်လင့်ထားပြီးသားဖြစ်၏။

ဒါပေမယ့် ဘာတြွေဖစ်လာမလဲဆိုတာ ဘယ်သူက ခန့်မှန်းနိုင်မှာလဲ? ပြိုင်ပွဲ အနည်းငယ် ပြိုင်ပြီးတဲ့အခါ ကောင်းမွန်တဲ့ ပုံရိပ်၊ ထူးချွန်တဲ့ အကစွမ်းရည်၊ မှင်သက်ဖို့ ကောင်းလောက်တဲ့ စင်ပေါ်က အပြုအမူ အစရှိတဲ့ အရာတွေကြောင့် လင်းချင်ပေ့ရဲ့ အဆင့်က လျင်မြန်စွာပဲ ထောင်တက်လို့လာ၏။ သူက အခုဆို စုထျန်းထျန်းရဲ့ အသန်မာဆုံး ပြိုက်ဖက် တစ်ယောက် ဖြစ်လာလေပြီ။

တဖက်မှာလည်း စုထျန်းထျန်းက လွန်ခဲ့တဲ့ ပြိုင်ပွဲမှာ ဆိုးရွားစွာ ဖျော်ဖြေခဲ့တာမို့ သူမရဲ့ အမှတ်တွေက အနည်းငယ် ပြုတ်ကျသွားလေ၏။

ဒီတခေါက် ပြိုင်ပွဲအလှည့်မှာတော့ သူမ တစ်ယောက်ပဲ ဆိုနိုင်လောက်မယ် ထင်ရမယ့် ခက်ခဲတဲ့ သီချင်းကို ရွေးချယ်လိုက်သည်။ ထိုပုံစံက သူမ အနေနဲ့ ဘာမှ မဖြစ်ခဲ့သည့်သယောင်။

အခန်းထဲမှာ ဖြစ်သည်။

ဆိုဖာပေါ်မှာ နင်မုန့် နဲ့ ကျန်းရှန့်မေတို့ စကားစမြည် ပြောနေစဉ် မိတ်ကပ်ပြင်ဆရာက လင်းချင်ပေ့ကို မိတ်ကပ်ပြင်ပေးနေလေ၏။

ကျန်းရှန့်မေက ပြောလိုက်သည်။ "ငါ ကြောင် ဒါမှမဟုတ် ခွေးတစ်ကောင်လောက် မွေးချင်တယ်။ မုန့်မုန့် တကယ်လို့ နင်သာဆို ဘယ်အကောင် မွေးမလဲ"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now