38[U&Z]

4.1K 535 4
                                    

[Unicode]

ချောင်ရွှယ်ဟွာက နင်မုန့်အား မယုံကြည်နိုင်သည့် မျက်လုံးတွေနှင့် ကြည့်လိုက်သည်။

"ဒါအကုန်လုံးအတွက် ဘယ်လောက် ကျမလဲဆိုတာ ရှင်သိရဲ့လား! နင်မုန့်ကို ဘယ်လိုဖြစ်ပြီး စိတ်တိုင်းကျလုပ်ဖို့ လွှတ်ထားရတာလဲ!"

"မုန့်မုန့် အခုလို တစ်ခုတည်းအပေါ် ဇောက်ချလုပ်တာ ကိုယ်မမြင်ဖူး‌သေးဘူး။ သူမက အခု တကယ် အရွယ်ရောက်လာပြီမို့ သူမမှာ အတွေ့အကြုံတွေ ပိုရဖို့အတွက်ဆို ကိုယ် ပိုက်ဆံအများကြီး ပေးရလည်း ကိစ္စမရှိဘူး! ဒီအရာတွေ အကုန်ဆုံးသွားလည်း စိတ်ဆိုးမှာမဟုတ်ဘူး! သမီးလေး ပျော်နေသ၍ ပေးရတာ တန်ပြီးသားပဲ!"

"ကောင်းပြီလေ အခုပဲ သူ့ကို ပိုက်ဆံပေးဖို့ ကျွန်မကို သွားခွင့်ပြုပါဦး" ချောင်ရွှယ်ဟွာ အေးစက်စွာပြုံးရင်း ပြောလိုက်သည်။

ဘဏ္ဍာရေးဌာန ရောက်ပြီဆိုတာနဲ့ ချောင်ရွှယ်ဟွာ သူမ အနောက်မှ တံခါးကို ပိတ်လိုက်သည်။

"ရှယ်ယာဝင်ထားတဲ့လူ အားလုံးကို ခေါ်ပေးထား။ ပြီးသွားရင် ဒီကုမ္ပဏီမှာ ဘာတွေဖြစ်နေလဲဆိုတာ ပိုပြီး အာရုံစိုက်ပေးဖို့ပြောလိုက်! နင်ဝမ့်ထောင်က ကုမ္ပဏီရဲ့ အင်အားတွေကို သူ့သမီးအပေါ်မှာ အကျိုးမရှိ သုံးဖြုန်းနေတယ်ဆိုတာ သူတို့ မျက်မြင်‌တွေ့စေရမယ်!"

'နင်ဝမ့်ထောင်က သူ့ဘာသူ ဝယ်မယ်တဲ့လား! ဒီလို မျက်နှာသစ် အနုပညာရှင် တစ်ယောက်ကို ပိုက်ဆံအများကြီး သုံးလိုက်တာနဲ့ နာမည်ကြီးမယ်လို့များ ထင်နေတာလား! တခါမှတောင် မကြားဖူးတဲ့ သီချင်းရေးဆရာနဲ့ လူသစ်အဆိုတော်ရဲ့ ပေါင်းစပ်မှုက သေချာပေါက်ကို ဆုံးရှုံးမှုပဲဖြစ်စေမှာ! ရှယ်ယာရှင်တွေသာ နင်မုန့်ရဲ့ စိတ်ထင်သလို လုပ်တာကိုတွေ့ရင် သူတို့ဘယ်တော့မှ နင်မုန့်ကို ကုမ္ပဏီအရိပ်တောင် ထပ်နင်းခိုင်းမှာ မဟုတ်တော့ဘူး!' ချောင်ရွှယ်ဟွာ တွေးလိုက်၏။

အစတည်းက အရာအားလုံးအတွက် အစီအစဉ်ချပြီး ဖြစ်တာမို့ ပိုက်ဆံရလာသည့်အခါ နင်မုန့်အနေနဲ့ အချောသတ် လုပ်ဆောင်ရုံ ဖြစ်လေ၏။ ကြေငြာမျိုးစုံ နဲ့ ဖုန်းapplicationပေါင်းစုံရဲ့ အရှေ့ဆုံး စာမျက်နှာမှာ လင်းချင်ပေ့ရဲ့ သီချင်းသစ်ကို ကြေငြာစေသည်။ဒါနဲ့ပဲ လင်းချင်ပေ့ရဲ့ သီချင်းက နာမည်ကြီးလာမှာဟု သူမ မျှော်လင့်ထားလေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now