37[U&Z]

4.2K 557 0
                                    

[Unicode]

ကုမ္ပဏီ ရောက်သည်နှင့် တပြိုင်နက် CEOရုံးခန်းထဲသို့ နင်မုန့်တန်းဝင်သွားလိုက်သည်။ ရုံးခန်းထဲ ခြေချလိုက်တယ် ဆိုရင်ပဲ ချောင်ရွှယ်ဟွာက နင်ဝမ့်ထောင်ကို တစ်စုံတစ်ခု တင်ပြနေလေ၏။

"ထျန်းထျန်းက အခု အရမ်းနာမည်ကြီးနေပြီ! သူမ ဆိုလိုက်တဲ့ သီချင်းက သူမကို နောက်တစ်ဆင့် တက်လှမ်းနိုင်လောက်အောင်ထိကို တွန်းတင်ပလိုက်တာ! လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မက ထျန်းထျန်းကို ရှင့်ကုမ္ပဏီမှာ လုပ်စေချင်တုန်းက ရှင့်ဘက်က ငြင်းခဲ့တယ်မလား။ ဘယ်လိုလဲ အခု နောင်တ‌ရနေပြီ မလား။ ရှင့် ကုမ္ပဏီကို ပြန်ကြည့်ကြည့်ပါဦး အရည်အချင်းရှိတဲ့ ကြယ်ပွင့်‌တွေအကုန် မရှိတော့ဘူး! အခုဆို ရှင့်ကုမ္ပဏီမှာ အနိမ့်တန်း အနုပညာရှင်တွေလောက်ပဲ ကျန်တော့တယ်..."

ချောင်ရွှယ်ဟွာက နင်မုန့်နှင့် စုထျန်းထျန်းကို နှိုင်းယှဉ်ပြနေချိန်မှာ နင်ဝမ့်ထောင်ကတော့ တည်ကြည်လေးနက်သည့်ပုံနှင့် ထိုင်နေလေသည်။ သူ့ပုံစံက တဖြည်းဖြည်းနဲ့ သီးမခံတော့သည့်ပုံလည်း ပေါ်နေ၏။

"အစတည်းက နင်မုန့်က သူ့ကိုမှ လုံးဝသဘောမကျတာလေ! ကိုယ်က ဘယ်လိုလုပ်ပြီး ထျန်းထျန်းကို ကုမ္ပဏီထဲ သွင်းလို့ဖြစ်မှာလဲ"

"ရှင် ဘာပြောလိုက်တယ်ဆိုတာရော သိရဲ့လား။ ရှင် အခု နောင်တ မရဘူးလား။အခု ထျန်းထျန်းရဲ့ ပုံရိပ်နဲ့သာဆိုရင် ကြိုက်တဲ့ စီးပွားရေး၊ ဇာတ်ညွှန်း ပစ္စည်းတွေကို ကြေငြာဖို့ လက်မှတ်ထိုးလို့ ရတဲ့ အခြေအနေပဲနော်"

"ဟုတ်လား" နင်မုန့် မေးလိုက်သည်။

နင်မုန့် အထဲသို့ ဝင်လာလိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ဆိုဖာပေါ်သို့ ထိုင်ချလိုက်ပြီးနောက်

"စုထျန်ထျန်းက အခု နာမည်ကြီး‌နေတယ်ဆိုတာ အမှန်ပါပဲ ဒါပေမယ့် ‌သူမရဲ့ အောင်မြင်မှုကို အောင်ပွဲခံဖို့က အရမ်းစောသေးတယ်လို့ ထင်တယ်နော်။ ပြီးတော့ ရှေးရိုးစကားတောင် ရှိသေးတယ်လေ။ အမြင့်ကို ပို‌ရောက်လေ အကျပိုနာလေဆိုတာ!" နင်မုန့် ဟန်လုပ်ပြုံးပြရင်း ချောင်ရွှယ်ဟွာကို ပြောလိုက်၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Donde viven las historias. Descúbrelo ahora