169[U&Z]

1.4K 181 1
                                    

[Unicode]

ဟော်ပေ့ချန် အသံက တည်ငြိမ်ပြီး သာမန်ဆန်သည်။ သူ့ပုံစံက ဘာမှ မဖြစ်ခဲ့သည့်အတိုင်းပင်။ "မင်း ဒီည နံရိုးချိုချဉ်စားဖို့ အစီစဉ်ရှိတယ်လို့ ငါကြားတယ်"

သူ့စာကို ဖတ်ပြီးတဲ့အခါ နင်မုန့်က ပို၍ပင် ဒေါသထွက်လာ၏။

ယခု ခေါင်းစဉ်က စဖို့ ကောင်းတဲ့ အကြောင်းအရာ မဟုတ်ဘူးဆိုတာ သူမ သိသည်။

ဒါ့အပြင် စုထျန်းထျန်းအတွက် လီရိချန်က သူမကို ကလဲ့စားချေလာတဲ့ အခါ သူမဘေးမှာ ဟော်ပေ့ချန်ရဲ့ ကာကွယ်ပေးမှု မရှိဘဲ အနိုင်ယူနိုင်မှာ မဟုတ်ဘူးဆိုတာလည်း နင်မုန့် သိလေ၏။

ဘယ်လိုပဲ ဖြစ်ဖြစ် ယခုလို လက်ထပ်ထားတာ မျိုးကိုတော့ သူမ ထပ်ပြီး ရှေ့မဆက်ချင်တော့။

ချက်ချင်း ဆိုသလို သူမ စာပြန်လိုက်သည်။ [ဟုတ်တယ်]

ပြီးနောက်မှာတော့ ခနတွေးတောလိုက်ကာ နောက်ထပ် message နှစ်စောင် ထပ်ပို့လိုက်၏။

နင်မုန့် : [စိတ်မပူပါနဲ့ ကျွန်မကို နစ်နာကြေးပေးဖို့ ဘာညာ ပြောလာမှာ မဟုတ်ပါဘူး။ ရှင် ကျွန်မကို အရင်က ပေးခဲ့တဲ့ သန်း၁၀၀ပါ ကျွန်မ ပြန်ပေးမယ်]

[ကျွန်မ ပိုင်တဲ့ အရာတွေပဲ ယူသွားမှာ]

ပြီးတဲ့အခါ group chatထဲမှာ ဘော့စ်ဖေးပိုင်က ပို့ထားတဲ့ ဗီဒီယိုကို download ဆွဲလိုက်၏။

ထိုအချိန်မှာပဲ group chatထဲ စာအသစ်တွေ ရောက်လာသည်။

ချီရှန် : [ငတုံးမ! နင့် စကားကို နင်တည်ရမယ်နော်! နင်တကယ် ကွာရှင်းပေးပြီး ဘော့စ်ကို လွှတ်ပေးမယ်ဆိုရင် နင့်အတွက် စာအိတ်အနီရောင် အကြီး ငါသေချာပေါက် ပြင်ထားပေးမယ်]

နင်မုန့် : [ငါ့ကို အဲ့အနီရောင် စာအိတ်သာ အရင်ပေးလိုက်တော့]

ချီရှန် : [နင့်ကို အရင်ဆုံး အနီရောင် စာအိတ်ပေးပြီးတာနဲ့ နင် ငါ့ကို လှည့်စားသွားမယ်ဆိုတာ သိနေတယ်။ ကွာရှင်းတဲ့ အကြောင်းကို နင်နောက်တာလဲ ဖြစ်နေနိုင်တာမို့ ငါ နင့်ကို မယုံဘူး!]

နင်မုန့်က ခနတာ တွေးတောလိုက်ပြီးနောက် ကျန်းရှန့်မေကိုပါ group chatထဲ ထည့်လိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Donde viven las historias. Descúbrelo ahora