109[U&Z]

2.4K 313 2
                                    

[Unicode]

message ပို့ပြီးတဲ့နောက်မှာ ပြန်စာကို စောင့်ရင်း နင်မုန့် ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေ၏။

သူမ စိတ်ထဲမှာတော့ ယောက်ျားဖြစ်သူနဲ့ "ပြန်ဆုံတွေ့တဲ့ မြင်ကွင်းပေါင်းစုံ"ကို ပုံဖော်လို့ ပြီးနှင့်လေပြီ ဖြစ်သည်။

တကယ်လို့ သူမတို့ ၂ယောက်သာ လျှို့ဝှက်ချက်တွေကို ဝေမျှခဲ့မယ်ဆိုရင် သူမတို့ရဲ့ ဆက်ဆံရေးက ပိုပြီး ရင်းနှီးလာနိုင်တယ်မလား။

သူမ အတွေးထဲ နစ်မြုပ်နေဆဲဖြစ်သည်။ လင်းချင်ပေ့က သူမဆီလျှောက်လာတဲ့အခါ အရူးတစ်ယောက်လို ရယ်နေတဲ့ နင်မုန့်ကို တွေ့လိုက်ရသည်။ သူ လည်ချောင်းရှင်းပြီး မေးလိုက်သည် "မစ္စနင် အခု ဘာတွေ တွေးနေတာများလဲ"

လက်တွေ့ဘဝထဲ ပြန်ဝင်လာရတဲ့အခါ နင်မုန့်က ခပ်မာမာ မျက်နှာထားနဲ့ သူ့ကို ကြည့်လိုက်ပြီး "ဘာလဲ"

လင်းချင်ပေ့က သီချင်းစာရင်းကို သူမဆီ ကမ်းပေးပြီး ပြောလိုက်သည် "သီချင်းရွေးဖို့ ငါတို့ အလှည့်ကျပြီ။ ဘယ် အမျိုးအစားကို ဆိုသင့်တယ်လို့ ထင်လဲ"

ပြီးနောက်မှာတော့ သူက ခေါင်းငုံ့လိုက်ပြီး သူမ နား နား ကပ်ပြောလိုက်သည်။ "မင်း အစောက estrousစက်ဝန်း[1]ထဲ ရောက်နေတဲ့ပုံနဲ့ တူနေတယ်"

[1]အဓိက ဆိုလိုတာကတော့ heatတက်နေတဲ့ တိရိစ္ဆာန်တစ်ကောင်နဲ့ တူနေတယ်လို့
ပြောချင်ပါ :3

"..."

နင်မုန့် သူ့ကို စူးရဲစွာ ကြည့်လိုက်ပြီးနောက် သီချင်းစာရင်းတွေကို ပြန်ကြည့်လိုက်သည်။ များသောအားဖြင့် နာမည်ကြီး အနုပညာရှင်များ ပါဝင်တဲ့ reality showsတွေမှာ စီစဉ်သူတွေက ပြိုင်ပွဲဝင်တွေအတွက် အမျိုးစုံသော သီချင်းအမျိုးအစားတွေကို ပြင်ဆင်ပေးဖို့ လိုအပ်လေသည်။ ထိုနည်းကပဲ ပြိုင်ပွဲဝင်သူတွေ အနေနဲ့ အမျိုးအစား တူတာကို ပြန်ကျော့ဖြစ်မှာ မဟုတ်‌တော့ပေ။

ဒါကြောင့်ပဲ တကယ်လို့ သူတို့ ပြိုင်ပွဲမှာရှုံးသွားတဲ့အချိန် သူတို့နဲ့ မလိုက်ဖက်တဲ့ သီချင်းတွေ ပေးတာကြောင့်လို့ စီစဉ်သူတွေကို အပြစ်တင်လို့ မရနိုင်တော့။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now