26[U&Z]

4.4K 591 6
                                    

[Unicode]

သူမ ထိုင်နေတဲ့နေရာကနေ ဟော်ပေ့ချန်ရဲ့ ရှည်လျားဖြောင့်တန်းသော ‌ခြေတံတို့ကို မြင်နေရသည်။ ၀တ်စုံပြည့်မဟုတ်ဘဲ အဖြူ‌ရောင် T-shirt၀တ်ထားသောကြောင့် ကြောက်မက်ဖွယ်အရှိန်အဝါလည်း နည်းသွားသလို ပို၍ လန်းလန်းဆန်းဆန်းရှိနေလေသည်။ မြင်ကွင်းတစ်ခုလုံးက ယောက်ျားတစ်ယောက်ပေါ်တွင် ရိုက်နှိပ်ထားသည့်အလား ပြီးပြည့်စုံမှုရှိနေလေ၏။ နင်မုန့် မကူမကယ်နိုင်စွာပင် သူ့အား အချိန်အတော်ကြာသည်အထိ ငေးကြည့်နေမိ၏။

တစ်ယောက်ယောက်ရဲ့ တံခါးခေါက်သံကြားမှသာ နင်မုန့် တကယ့်ဘ၀သို့ ပြန်ရောက်လာ၏။

"Sir ကျွန်တော် ဒီကိုဆရာ့ရဲ့ အစားအစာတွေ လာပို့တာပါ"

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် အိမ်ထဲ၀င်လာသည်ကိုနင်မုန့်တွေ့လိုက်သည်။ ပြီးနောက် သူမဆီသို့ လျှောက်လာလေ၏။ သူမကို ဟော်ပေ့ချန်နှင့် တအိမ်တည်းနေသည်ကို တွေ့လိုက်ရသည့်အခါ အနည်းငယ် လန့်သွားလေသည်။ သို့ပေမယ့်လည်း သူ့အမူအရာကို ပြန်ထိန်းကာပင် ပူနွေးနေသည့် ထမင်းဟင်းဗူးကို စားပွဲပေါ်သို့ တင်လိုက်လေ၏။  သူမရှေ့တွင် ဗူးတွေကို ဖွင့်ချသည့်အခါ အမျိုးစုံသော ဟင်းပွဲတွေကို တွေ့လိုက်ရသည်။

၀က်နံရိုးချိုချဥ်၊ ငါး၊ အမဲသားမွှေကြော်၊ ကြက်ချဉ်စပ်၊ အသီးအရွက်မွှေကြော်၊ တိုဖူး၊ မွှေးကြိုင်ပြီး နွေးနေသော ထမင်းနှင့် ဘဲသားစွပ်ပြုပ်တို့ ပါလေ၏။ နင်မုန့်ကတော့ အောက်မှ ပန်းကန်ပြားတွေကိုကြည့်ရင်း တံတွေးမြိုချလိုက်သည်။

တခြားသူနဲ့ယှဉ်လိုက်ပါက သူမ ဟင်းပွဲက မဖြစ်စလောက်သာ။ ဒါကြောင့်ပဲ သက်ပြင်းချလိုက်ကာ တူတစ်စုံကိုကိုင်လိုက်ပြီး သူမရှေ့ရှိ မွှေးကြိုင်နေသည့်ဟင်းပွဲတွေတို့မှ အနံ့ကိုရှူပြီး ခေါက်ဆွဲကို စားရန်ပြင်လိုက်သည်။ ရုတ်တရက်ပင် သူမပတ်၀န်းကျင်မှ လေထုက အေးခဲ‌လာသည်ကို ခံစားလိုက်ရ၏။

သူမ သတိမထားမိလိုက်ခင်မှာပင် ဟော်ပေ့ချန်က အောက်ထပ်သို့ ဆင်းလာပြီး သူမနားမှာ မတ်တပ်ရပ်နှင့်နေပြီးဖြစ်၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now