28[U&Z]

4.3K 559 3
                                    

[Unicode]

"ငါ့ကို Baiduမှာ ရှာမတွေ့ဘူးလား။ ထူးဆန်းလိုက်တာ။ ငါ့ လက်ထောက်ကို နောက်ကျရင် မေးကြည့်ဦးမယ်" စုထျန်းထျန်း ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ"

"ဒီအကြောင်းပြောပြပေးလို့ ကျေးဇူးပဲ"

စုထျန်းထျန်း စကားပြီးသွားသည်နှင့် တစ်ယောက်ယောက်က သူမကို လှမ်းခေါ်လာသည်။

"ဆရာမထျန်းထျန်း ကျွန်တော်တို့ အခုစလို့ရပြီ"

အသံသွင်းခန်းထဲသို့ စုထျန်းထျန်း ဝင်သွားပြီးသည်နှင့် နင်မုန့် လင်းချင်ပေ့တို့ကိုပါ ဆက်ခေါ်လာလေသည်။ စုထျန်းထျန်း အဝေးသို့ရောက်သွားတာကို မြင်သည်နှင့် တပြိုင်နက် နင်မုန့် အော်ရယ်တော့၏။

အရယ်မပြတ်သည့် နင်မုန့်ကိုကြည့်ရင်းမှ ခုနကပြောခဲ့သော စကားတွေရဲ့ အဓိပ္ပာယ်ကို လင်းချင်ပေ့ အချိတ်အဆက်မိအောင် သေချာတွေးတောတော့၏။ နောက်ဆုံးတွင်တော့ စုထျန်းထျန်းကို ခွေးလို့‌ခေါ်လိုက်မှန်း သဘောပေါက်လိုက်လေတော့သည်။

စုထျန်းထျန်းအပေါ် မကောင်းတာလုပ်ပြီးနောက် နင်မုန့် ပြုံးလိုက်သည့်အခါ ပုလဲရောင်သွားတန်းတို့ ပေါ်လာလေသည်။ သူမ အရမ်း ရယ်လွန်းတာမို့ မျက်လုံးနှစ်ဖက်ပါ တဝက်ပိတ်လုနီးနီး ဖြစ်နေသည်။ ဆွဲဆောင်မှုတွေက သူမ မျက်လုံးထောင့်စွန်းမှ ‌ထုတ်လွှတ်နေလေ၏။ မျက်ရည်တို့ စတင်စို့လာသောအခါ သူမ မျက်လုံးကို ပို၍ တောက်ပသွားစေသည်။ ဒါ့အပြင် သူမ မျက်နှာတစ်ပြင်လုံး သွေးရောင်သမ်းနေတာက လူတိုင်းကို ကိုက်ချင်စိတ်ဖြစ်အောင် လှုံ့ဆော်လို့နေလေသည်။

ဆွဲဆောင်မှုနဲ့ သန့်စင်မှုက တစ်ချိန်တည်း တည်ရှိလို့နေလေသည်။ သူမရဲ့ ယခုအပြုအမူက ယောက်ျားအများစုကို ဆွဲဆောင်နိုင်တယ်ဆိုတာကိုတော့ သူမ မသိပေ။ လင်းချင်ပေ့ ကိုယ်တိုင်တောင် မျက်နှာလွှဲရန် မနည်းကြိုးစားလိုက်ရ၏။ ယခုနင်မုန့်က သူသိခဲ့သော နင်မုန့်နှင့် တူမနေဘူးဆိုတာ ရုတ်တရက် သဘောပေါက်လိုက်သည်။ သူမနှင့် အတူအချိန်ဖြုန်းချိန်တိုင်း စိတ်ညစ်သလို ခံစား‌မနေရတော့။ ရုတ်တရက် ထွက်ပေါ်လာသော သူ့အတွေးနှင့် ပတ်သက်ပြီး ဘာလုပ်လို့လုပ်ရမှန်း မသိတော့သောကြောင့် မျက်မှောင်ကြုပ်မိသွားသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now