75[U&Z]

3.5K 482 8
                                    

[Unicode]

ဝန်ထမ်းတစ်ယောက်က ပြန်‌ဖြေလိုက်သည်။ "နောက်ထပ် ၂မိနစ်လောက်တော့ စောင့်ရဦးမယ်"

နင်ဝမ့်ထောင် ခေါင်းငြိမ့်ပြလိုက်သည်။

"အန်တီမေလင်းရဲ့ ခရမ်းရောင် နှုတ်ခမ်းနီက ဘာအဓိပ္ပာယ်လဲ အဖေ"

"စိတ်လှုပ်ရှားနေတာ" နင်ဝမ့်ထောင် ခပ်တိုးတိုး ပြောကာ အဖြေပေးလိုက်သည်။

'အော် အဲ့လိုကိုး...' နင်မုန့် သူမဘာသာ တွေးလိုက်သည်။

နင်ဝမ့်ထောင်ကို သူမ တချက် ကြည့်ပြီးနောက် ဟန်မေလင်းကို ကြည့်လိုက်သည်။ သူမ မကူမကယ်နိုင်စွာပဲ သူတို့အတိတ်ကို သိချင်လို့လာ၏။

ထိုအချိန် ဟန်မေလင်းရဲ့ "အာဏာရှိလှသော အမျိုးသမီး" အရှိန်အဝါက သန်မာ လွန်းလှတာမို့ အခန်းထဲမှ ရင်းနှီးမြှုပ်နှံသူအားလုံး တိတ်ဆိတ်စွာ ထိုင်နေကြပြီး အသံရှူသံနဲ့ နှလုံးခုန်သံကလွဲ ဘာအသံမှထွက်မလာကြပေ။

ဟန်မေလင်း ရှိရာဆီသို့ နင်ဝမ့်ထောင် ဆတ်ကနဲ လှည့်လိုက်ပြီး "မစ္စဟန် မနက်စာ စားပြီးသွားပြီလား"

ဟန်မေလင်းက သူ့ကို တချက်ကြည့်လာပေမယ့် တိတ်ဆိတ်နေဆဲပင်။

နင်ဝမ့်ထောင်က ပြုံးလိုက်ပြီး "ငါတို့ နောက်ဆုံးတွေ့ခဲ့ ပြီးတည်းကဆို ၁၀နှစ်တောင် ကြာသွားခဲ့ပြီ ဆိုပေမယ့် မင်းက အရင်လို လှနေဆဲပါပဲ မစ္စဟန်"

ဟန်မေလင်းကတော့ မထီမဲ့မြင်တဲ့ အကြည့်ဖြင့် "ရှင်ကတော့ အခု အိုနေပြီ"

နင်ဝမ့်ထောင်ရဲ့ အပြုံးက ချက်ချင်းကို တောင့်ခဲလို့သွား၏။ ‌နှုတ်ခမ်းထောင့်တောင် အကြိမ်အနည်းငယ် လှုပ်ရှားလို့သွားသလို နင်မုန့်ကို ကမန်းကတန်း ပြောလိုက်သည်။

"မုန့်မုန့် အဖေ အိုနေတဲ့ရုပ် ပေါက်နေပြီလား။ ခုနလေးတင် face maskသုံးထားခဲ့တာ ဘယ်လိုလုပ်ပြီး အိုနေတဲ့ရုပ် ပေါက်သွားတာတုန်း"

"..."

နင်မုန့်ကတော့ ဖျစ်ညှစ်ပြုံးပြလိုက်ပြီး ဟန်မေလင်းကို တချက်ငေးကြည့်လိုက်တဲ့ တခန ဟန်မေလင်း မျက်ဝန်းထဲမှ လူညစ်ပြုံး ခပ်ဖျော့ဖျော့ကို မြင်လိုက်ရသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now