77[U&Z]

3.5K 427 3
                                    

[Unicode]

ချောင်ရွှယ်ဟွာ ကြောင်အမ်းသွားသည်။ သူမရဲ့ လက်တွေက နင်ဝမ့်ထောင်ရဲ့ ခြေထောက်တွေကို ဖက်ထားရင်းပင် ဟန်မေလင်းကို စူးရဲစွာစိုက်ကြည့်လိုက်သည်။

သူမကို လစ်လျူရှူရင်းသာ ဟန်မေလင်းက နင်မုန့်ကို ကြည့်လိုက်ပြီး "ငါ သွားသင့်ပြီလို့ ထင်တယ်။ နောက်တခေါက်ကျ ငါ့ဆီမှာ လက်ဖက်ရည် သောက်ကြတာပေါ့"

သူမရဲ့ စိတ်ကို ပြန်ပြောင်းဖို့ ခက်တယ်ဆိုတာ နင်မုန့် သိသည်မို့

"အပြင်မှာပဲ ထွက်ပြောကြရအောင် အန်တီ မေလင်း"

ထွက်ပေါက်သို့ သွားရာလမ်းတွင် ဟန်မေလင်းရဲ့ မျက်နှာကို နင်မုန့် ချောင်းကြည့်လိုက်သည်။ သူမ မျက်လုံးပေါ် ကျရောက်နေတဲ့ ခပ်မှောင်မှောင် အရိပ်ကလွဲ မူမမှန်တာ တခုမှ မတွေ့ရပေ။

နင်မုန့် သက်ပြင်းချလိုက်၏။ သူမ အနေနဲ့ ဟန်မေလင်းကို အရမ်းလေးစားပြီး အထင်ကြီးလေသည်။ သူမက သူမရဲ့ ဘဝတစ်ခုလုံးကို နိုင်ငံအတွင်းမှာ ဘယ်သူမှ မစမ်းသပ်ရဲတဲ့ သိပ္ပံရုပ်ရှင်တွေပေါ်မှာ နှစ်မြှုပ်ထားခဲ့သည်။ ထိုအရာက တကယ်ကို လေးစားစရာ ကောင်းလှပြီး ထူးခြားလှတဲ့ အပြုအမူပင် ဖြစ်သည်။

အတွေးထဲ နစ်မြှုပ်နေစဉ်မှာပဲ ဟန်မေလင်း ဖုန်းက ရုတ်တရက် မြည်လာ၏။ ချက်ချင်းဆိုသလို နင်မုန့်အရှေ့မှာပဲ ဖုန်းဖြေလိုက်ပြီး မကြာခင်မှာ သူမရဲ့ မျက်နှာက တင်းမာသွားသည်။

"ကောင်းပြီ ငါသိပြီ။ သူ့ကို ဆက်စောင့်ကြည့်ထား"

ဖုန်းချလိုက်ပြီးနောက် ဟန်မေလင်း သက်ပြင်းအရှည်ကြီး ချလိုက်သည်။

နင်မုန့်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

ဟန်မေလင်းက မျက်မှောင်ကြုပ်နေရင်း "ငါ့ရဲ့ တူပေါ့....video gameကစားဖို့ အတွက် အတန်းချိန်တွေ လစ်နေလို့။ အဲ့ဒါ....အဲ့ဒါက ငါ့အမှားပဲ။ နှစ်အကြာကြီး ရုပ်ရှင်ပေါ်ပဲ အာရုံစိုက်‌မိနေတော့ သူ့ကို ဂရုစိုက်ပေးဖို့ ပျက်ကွက်ခဲ့တယ်။ သူက လူကောင်းလေး ဆိုပေမယ့် အခုထိ လမ်းလွဲနေတုန်းပဲ"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now