163[U&Z]

1.6K 217 2
                                    

[Unicode]

နင်မုန့်သည်လည်း ဖျော်ဖြေမှုကို ကြည့်ရင်း ထိရှသွားသည်ကြောင့် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့တာမို့ တစ်စုံတယောက်နှင့် ဝေမျှပြောဖို့ လိုအပ်လာသည်။ လီဟောက်ကျယ်က သူမရဲ့ ညာဘက်မှာ ထိုင်နေတာ ဖြစ်တာမို့ ဘယ်ဘက်ကို လှည့်လိုက်ရုံသာ တတ်နိုင်လေသည်။

သူမက ဟော်ပေ့ချန်ရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ဂုဏ်ယူစွာ ပြောလာ၏။ "ဟီးဟီးဟီး ကျန်းရှန့်မေက တကယ်ကို အံ့ဩစရာကြီးပဲ!! in-ear monitor တစ်ခုတောင် မတပ်ထားဘဲ သံစဉ်တွေကို ပြီးပြည့်စုံအောင် ဘယ်လိုများ ဆိုနိုင်သွားရတာလဲ? စကားပြောရင်ကျ အရမ်းကြမ်းတမ်းနေတတ်ပြီး သီချင်းဆိုတဲ့အခါကျ ဘယ်လိုတောင် နူးညံ့နေလိုက်တာလဲ? တကယ်ပဲနော် ကျွန်မ အခု သူမရဲ့ ပရိတ်သက်အကြီးစား ဖြစ်သွားပြီပဲ!"

ထိုသို့ ပြောပြီးနောက် တစ်ခုခုမှားနေတာကို သူမ ခံစားလိုက်ရသည်။ ဟော်ပေ့ချန်တဲ့ မျက်နှာက တောင့်တင်းလို့ နေပြီး တုန်ရီနေတဲ့ သူ့ရဲ့ မျက်ခုံးတွေကို သူမ ကြည့်မိတဲ့အခါ ဂဏာမငြိမ်ဖြစ်အောင် လုပ်နေတဲ့ ကြီးကြီးမားမား တခုခုရှိနေမယ်ဆိုတာ သူမ ပြောနိုင်သည်။ သူက တစ်စုံတခုကို အရမ်း ဖိနှိပ်နေပုံပေါ်သည်။ သူ့လက်မောင်းပေါ်မှ သူမ လက်ကို ပြုတ်ရုတ်လိုက်သည်။ ပြန့်နေ‌တဲ့ သူ့ရဲ့ အင်္ကျီလက်က သူမရဲ့ ဆုပ်ကိုင်ထားမှုကြောင့် တွန့်သွား၏။

နင်မုန့်က အလျင်အမြန်ဆိုသလိုပဲ သူ့ရဲ့ အင်္ကျီလက်ကို နဂိုအခြေအနေအတိုင်း ဖြစ်အောင် ပြန်သပ်ချပေးလိုက်၏။ သူက သူမအပေါ် သစ္စာဖောက်ထားတာကို သူမ မေ့သွားခဲ့တာပင်။ သူမကတော့ ရှက်ပြုံးသာ ပြုံးပြလိုက်သည်။

"ဘုရင်ကြီးချန်ရဲ့ suitက တကယ်ကို အရမ်းမိုက်တာပဲ။ ချုပ်ထားတာလေးကို ကြည့်ပါဦး အရည်အသွေးကို ကြည့်ပါဦး။ ဒီလောက် အဆင့်မြင့်လွန်းနေတာတောင်မှ ရှင့်ရဲ့ အရည်အသွေးကို နည်းနည်းပဲ ဖော်ပြပေးနိုင်တယ်။ ဘာလို့ဆို ရှင်က အရမ်း ဆွဲဆောင်မှု ရှိလွန်းလို့လေ!"

ပြီးနောက်မှာတော့ သူမက မျက်လုံးမှိတ်ပြလိုက်ကာ "ကျွန်မ ဘယ်သူလဲဆိုတာ ရှင်သိလား"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now