44[U&Z]

4.1K 537 10
                                    

[Unicode]

အအေးခန်းထဲသို့ လမ်းလျှောက်လာခဲ့ရသည့် ခံစားမျိုးကို နင်မုန့် ခံစားလိုက်ရသည်။ သူမနဲ့ လင်းချင်ပေ့ကြား ဖြစ်ခဲ့သည့် အဖြစ်အပျက်တွေကို ဟော်ပေ့ချန် သိလိုက်ပြီဆိုတာ သူမ ရိပ်မိသွား၏။

"ကျွန်မ ပြောတာ နားထောင်ပေးပါ! ကျွန်မနဲ့ လင်းချင်ပေ့ကြား ဘာမှမဖြစ်ခဲ့ဘူး။ ကျွန်မတို့က...." နင်မုန့် ခံစားချက်တို့ ပိုမိုပြင်းထန်လာ၏။

"မင်းရဲ့ အတိတ်က အဆက်အနွယ်တွေကို ငါစိတ်မဝင်စားဘူး!" သူမ  ဖြေရှင်းချက်တွေ ပေးနေစဉ် ဟော်ပေ့ချန် ကြားဖြတ် ပြောလိုက်သည်။

ယခု အချိန်တွင်တော့ နင်မုန့်သည် ဟော်ပေ့ချန်ကို လုံး၀ ကြောက်ရွံလို့နေပြီ ဖြစ်သည်။ ဘယ်လို ရှင်းပြနိုင်မလဲ သူမ စဉ်းစားနေတုန်းမှာပဲ ပထမထပ်သို့ ဖိအားပေး ဆွဲခေါ်ခံလိုက်ရသည်။ ဟော်ပေ့ချန်က ဥဿုံ သန်မာလွန်းလှတာမို့ သူမ ဘယ်လောက်ရုန်းရုန်း အချည်းနှီးသာ ဖြစ်၏။

သူ ဘာလုပ်မလို့လဲ? ငါ့ကို သတ်ဖို့များလား?

ချက်ချင်းပဲ သူ့ဆီက အကြင်နာတရား ကင်းမဲ့လွန်းတဲ့ လုပ်ရက်တွေက နင်မုန့်ကို ပိုမို ကြောက်ရွံလို့သွားစေ၏။

"ဟော်ပေ့ချန် ရှင်ကျွန်မကို နာအောင်လုပ်နေတယ်! ရှင်ဘာတွေ လုပ်နေလဲ သေချာပြန်တွေးကြည့်ပါဦး! ကျွန်မကို လွှတ်!"

ကံဆိုးစွာပဲ ဟော်ပေ့ချန်ကတော့ လွှတ်ပေးဖို့ စိတ်ကူးလုံး၀ မရှိသည့်ပုံပင်။ ပထမထပ်သို့ ရောက်ခါနီးမှာပဲ အနောက်ဥယျာဉ်နားရှိ တံခါးဆီမှ အသံတစ်သံ ကြားလိုက်ရလေ၏။

ကြီးမားသည့် ပုံစံတစ်ခုက သူတို့ဆီသို့ ပြေးလာလေသည်။ နင်မုန့် မြင်လိုက်တာက အရိပ်တစ်ခုက သူမရှေ့သို့ ဖြတ်လာတယ် ဆိုရုံသာ။ ချက်ချင်းပဲ ဟော်ပေ့ချန်က ဆုပ်ကိုင်ထားတာကို ဖြေလျော့လိုက်တဲ့အခါ နင်မုန့် ကြမ်းပြင်ပေါ်သို့ ကျသွားတော့၏။

ထျန်းထျန်းလေးက သူမအရှေ့မှာ ထိုင်နေပြီး ဟော်ပေ့ချန်ကို ရန်ပြုဖို့ ပြင်နေတာကို နင်မုန့် မြင်လိုက်ရသည်။

ဝု!!!

ဟော်ပေ့ချန်ရဲ့ လက်သီးက အဆင်သင့်ဖြစ်နေသလို ထျန်းထျန်းလေးကို လူသတ်ချင်သည့် မျက်လုံးတို့နှင့် စူးရဲစွာ စိုက်ကြည့်လိုက်လေ၏။ သူ၏ ပြင်းထန်သောအပြုအမူက သူ ဒေါသ ဘယ်လောက်ထိ ထွက်နေလဲဆိုတာသက်သေပြလို့‌နေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now