23[U&Z]

4.5K 591 1
                                    

[Unicode]

CEOရုံးခန်းတွင် ထိုင်နေသော နင်မုန့်သည် အင်တာနက် ချိတ် ရ မရ စစ်ဆေးကြည့်နေလေ၏။ သို့ပေမယ့် သူမ သိလိုက်ရတာက ဒီနေရာက သူမ မူလကမ္ဘာမှ လာခဲ့သော နေရာနှင့် လုံး၀ ခြားနားနေခဲ့သည် ဆိုတာကိုပင်။ ယခု novelသည် လွန်ခဲ့သော5နှစ်က ရေးထားခဲ့သော novel‌ဖြစ်လေသည်။ ဒါကြောင့်ပဲ ယခုကမ္ဘာက လွန်ခဲ့သော 5နှစ်အချိန်ကာလမှာပဲ ရှိနေသေးလေ၏။

Tiktokတို့ streaming websitesတို့ မထွန်းကားသေးသော အချိန်ကာလဆီသို့ အချိန်ခရီးသွားလိုက်ရသလို နင်မုန့် ခံစားလိုက်ရသည်။ သုံးလို့ရနိုင်သေးသည့် တချို့ websiteတွေကို ရှာနေစဉ် နင်‌ဝမ့်ထောင်သည် ဒေါသတကြီးဖြင့် အခန်းထဲသို့ ဝင်လာလေ၏။

"တော်တော်ခေါင်းမာတဲ့ လူသစ်! ငါ့ကမ်းလှမ်းချက်တွေကို သဘောမတူဘူးလို့ ငြင်းလိုက်တာ မယုံနိုင်ဘူး! စာချုပ်ဖျက်သိမ်းမှာမို့ လျော်ကြေးပေးမယ်လို့တောင် ပြောလိုက်သေးတယ်! ဒီကုမ္ပဏီနဲ့ စာချုပ်လာချုပ်တည်းက သူ့နောက်ခံကို ငါစစ်ဆေးထားပြီးသား။ သူက သာမန်အဆင့်အတန်းကနေပဲ မွေးဖွားလာတာ! ယွမ်သန်း‌နဲ့ချီပြီး ပေးနိုင်စရာ အကြောင်းကို မရှိဘူး!"

"...."

လင်းချင်ပေ့အနေနှင့် ထိုပမာဏကို ပေးနိုင်စရာ အကြောင်းမရှိပေမယ့် စုထျန်းထျန်း ကုမ္ပဏီကတော့ ပေးနိုင်လေသည်။ ထိုကုမ္ပဏီက အမျိုးသားဇာတ်လိုက်မှ သူမအတွက် စီစဉ်ပေးထားသော ကုမ္ပဏီဖြစ်ပြီး စာရင်းရှင်းစရာ အမြောက်အများရှိနေလေ၏။

"သမီး ကြိုးစားကြည့်မယ်" နင်မုန့် ပြောလိုက်သည်။

အစည်းအဝေး ခန်းမငယ်ဆီသို့ နင်မုန့် ဝင်သွားလိုက်သည့်အခါ လင်းချင်ပေ့က ထိုင်နေပြီး သူ့အရှေ့တွင် ဖျက်သိမ်းကြောင်းစာချုပ်ကို တင်ထားလေသည်။ နင်မုန့် အခန်းထဲသို့ ဝင်လာသည်ကို မြင်သောအခါ လင်းချင်ပေ့က စားပွဲကိုခေါက်လိုက်သည်။

"စာချုပ်မှာ လက်မှတ်ထိုး။ ဘာပဲဖြစ်ဖြစ် ဒီကုမ္ပဏီမှာ ငါ့အနေနဲ့ ဆက်မနေနိုင်ဘူး!"

ကြည့်ရတာ သူ့စိတ်ကို ပြောင်းဖို့ရာ အတော်ခက်မည့်ပုံပင်။ ကိုယ့်ကိုကိုယ် သွေးကြီးနေသော လင်းချင်ပေ့အားကြည့်ရင်း နင်မုန့် နှုတ်ခမ်းအား ဖိကိုက်လိုက်လေ၏။ သူမက ပြဿနာတိုင်းကို အေးအေးဆေး ဖြေရှင်းရတာ ကြိုက်သည့် လူမျိုး ဖြစ်လေ၏။ ယခုအခါတွင်တော့ လင်းချင်ပေ့က သူမ ဖိအားပေးသည့် နည်းလမ်းကို သုံးလာအောင် စေ့ဆော်နေလေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now